အပိုင်း (၄၁၉)

119 15 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၁၉ )    အမျိုးအမည်မသိ သတ္တဝါ
Chapter   419

ဝှစ်၊ ဝှစ်၊ ဝှစ် ...

ကျောက်ဖူ အကိုက်ခံရတာကနေ ရှောင်ရှားလိုက်ပြီးနောက် ရေဘေးဆိုးသတ္တဝါရဲ့ခန္ဓာကိုယ်က အပြာရောင်အလင်းနဲ့ တောက်ပလာခဲ့ပြီး၊ သူ့ဘေးပတ်လည်မှာ ရေတွေနဲ့ လှံတွေကို ဖွဲ့စည်းလိုက်ကာ ကျောက်ဖူဆီကို ညွှန်ပြလိုက်သည်။  အဲ့ဒီလှံတွေဟာ မယုံနိုင်လောက်အောင် ထက်မြက်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ပြီး၊ ကျောက်ဖူဆီ ဦးတည် ပြေးဝင်သွားခဲ့သည်။

မရေမတွက်နိုင်တဲ့ လှံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျောက်ဖူ ရှောင်ရှားခြင်း ဂရုမစိုက်ခြင်းတို့ကို မလုပ်ရဲတော့ဘဲ သူ့ရဲ့အစွမ်းထက်ဆုံး အကာအကွယ် စွမ်းအားကို ထုတ်သုံးခဲ့လိုက်သည်။ အဲ့ဒီနောက် ဆယ်မီတာလောက် မြင့်မားတဲ့ ဒိုင်းလွှားပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ အဲ့ဒီအရာက ခိုင်ခံ့ပြီး၊ မချိုးဖောက်နိုင်တဲ့ အရှိန်အဝါတွေ ထုတ်‌လွှတ်နေခဲ့သည်။

  လှံတွေဟာ ဒိုင်းလွှားပုံရိပ်ကြီးကို ထိမှန်သွားခဲ့ကြပြီး၊ ပေါက်ကွဲသွားခဲ့ကာ ရေတွေပြန်ဖြစ်သွားခဲ့သည်။ ဒီထိမှန်မှုတွေကြောင့် ကြီးမားတဲ့ ဒိုင်းလွှားပုံရိပ်ကြီးဟာ အဆက္မပြတ် တုန်ခါနေခဲ့သည်။

ကျောက်ဖူ တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်ပြီး၊ ဓါးနဲ့ ခုတ်ပိုင်းခဲ့လိုက်သည်။ ဒီ‌အခြေအနေကြောင့် ကောင်းကင်နတ်ဆိုးဓါးရဲ့ မြည်သံထွက်ပေါ်လာခဲ့ပြီး ကြီးမားတဲ့ အနက်ရောင်ဓါးအလင်းဟာ ရေဘေးဆိုးသတ္တဝါရဲ့ခန္ဓာကိုယ်ကို ထိမှန် ပေါက်ကွဲသွားခဲ့သည်။

"ရားး "

ရေဘေးဆိုးသတ္တဝါသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။ အနက်ရောင်ဓါးအလင်းက သူ့ခန္ဓာကိုယ်တစ်ခြမ်းကို ဖြတ်တောက်သွားခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တာကြောင့်ပါ။

သို့သော်လည်း ရေဘေးဆိုးသတ္တဝါက နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ကြီးမားတဲ့ ရေအမြောက်ဆန်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်လိုက်တာကြောင့် ကျောက်ဖူ ဘေးကို မြန်မြန်ဆန်ဆန်နဲ့ ပျံသန်းရှောင်းတိမ်းလိုက်ရသည်။ သို့သော် အဲ့ဒီရေအမြောက်ဆံတွေက အလွန်ကြီးမားနေသဖြင့် ကျောက်ဖူ ဒဏ်ရာ အနည်းငယ်ရသွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Tempat cerita menjadi hidup. Temukan sekarang