အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၈၉ ) သေခြင်းတရား
Chapter 489မြို့ရိုးပေါ်မှာတော့ အရပ်ရှည်ကာ ဗလတောင့်တောင့်နှင့် ကိုဘိုးလ်တစ်ယောက် ရှိနေခဲ့သည်။ အဲ့ဒီသူက အနောက်ပိုင်း ဒယ်အိုးမြို့တော်ရဲ့ မြို့တော်အရှင်သခင် အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်) ဖြစ်နိုင်သည်။
အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်)က မဟာ ချင်ရဲ့ မရေမတွက်နိုင်တဲ့ စစ်သည်တွေကို လေးနက်တဲ့ အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူ့အနေနဲ့ အနောက်ပိုင်း ဒယ်အိုးမြို့တော်ကို စစ်သည် ၄၀၀၀၀၀ လောက်ရှိတဲ့ရန်သူတွေ လာရောက်တိုက်ခိုက်လိမ့်မယ်ဆိုတာ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ။ ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီးကရု တ်တရက်ကြီး ဘာလို့ပေါ်လာရတာလဲ။
ဒီလူတွေအားလုံးကအခြားကမ္ဘာသားတွေဖြစ်နိုင်လား။
သို့သော် သူတို့ရဲ့ပုံပန်းသွင်ပြင်တွေအရ သူတို့ဟာ အခြားကမ္ဘာသားတွေ (သို့) ကစားသမားတွေလို့ မထင်ရပါဘူး။ စနစ်မြို့တော်ကြီးတွေမှာလည်း ဒီလောက်စစ်သည်အများကြီး မရှိနိုင်ပါဘူး။ စနစ်မြို့တော်ကြီးသုံးမြို့ပေါင်းတောင် စစ်သည်အင်အားက ၃၀၀၀၀၀ လောက်သာရှိနိုင်သည်။ ဒီစစ်သည် ၄၀၀၀၀၀ ရှိတဲ့ စစ်တပ်ကြီးက ဘယ်ကရောက်လာတာလဲ။
ထို့ပြင် ဒီဒေသတွင် အချိန်ကြာမြင့်စွာနေခဲ့ပြီးနောက် သူ့အနေနဲ့ မည်သည့်ပြသနာမှ မလုပ်ခဲ့ပါဘူး။ ထို့ကြောင့် အနောက်ပိုင်း ဒယ်အိုးမြို့တော်ကို တိုက်ခိုက်ဖို့အတွက် စနစ်အဓိကမြို့တော်ကြီးတွေအနေနဲ့ ဒီလောက် ကြီးမားတဲ့ ကြိုးပမ်းအားထုတ်စရာ မလိုပါဘူး။ ထို့အပြင် တကယ်လို့ သူတို့တွေသာ တိုက်ခိုက်ချင်ရင်ဝောာ့ အရင်ကတည်းက တိုက်ခိုက်ပြီးသား ဖြစ်နေမှာပါ။ အခုအချိန်ထိ စောင့်ဆိုင်းနေဖို့ မလိုအပ်ပါဘူး။
ထို့ကြောင့် ဒီမြို့ရိုးနံရံအောက်မှာ ရှိနေတဲ့ အဖွဲ့အစည်းဟာ ဘယ်ကဖြစ်နိုင်မလဲ။
အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်)အနေနဲ့ ဒီကိစ္စကို လုံးဝ နားမလည်နိုင်ခဲ့ပါ။ ဒီလူတွေက ဘယ်သူတွေလဲ။ ဘာကြောင့်သူတို့ကို လာရောက်တိုက်ခိုက်ရတာလဲ။