8.6

193 20 1
                                    

<Unicode>
ဝမ်ဟုန်မင်မှာ ရွှီအမတ်ကြီးရဲ့မကုန်ဆုံးနိုင်တဲ့လျှောက်တင်သံတွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေရသလို ဈေးထဲမှာလည်း ချန်ယွီကျင်းကို ကိုယ်လုပ်တော်တွေကအပြစ်လာပြောနေကြသည်။

"လူတိုင်းလာကြည့်ကြပါ ဒီကောင်က ယောက်ျားလေးဖြစ်ပြီး အရှက်မရှိ မင်းကြီးကိုမြူဆွယ်နေတယ်"

ကိုယ်လုပ်တော်တစ်ယောက်က အော်ဟစ်ပြောဆိုလိုက်ချိန် လူတိုင်းက ချန်ယွီကျင်းကိုကြည့်ကာ တီးတိုးပြောဆိုလာကြသည်။

ဒီအခြေအနေကို ရွှီကျိုက်နန်က ပြုံးကြည့်နေပြီး

"ငါ့အပိုင်ကို မြူဆွယ်ရဲတဲ့ နင့်ကိုငါဆုချရမှာပေါ့ ဟိုတစ်ယောက် ငါ့ကိုကြာပွတ်ပေးစမ်း"

သူ့အနောက်မှာရပ်နေတဲ့ ကိုယ်လုပ်တော်ဆီကနေ ကြာပွတ်ကိုတောင်းလိုက်ပြီး ချန်ယွီကျင်းအရှေ့သွားရပ်လိုက်သည်။

မင်ဘွားဘွားမှာ ချန်ယွီကျင်းအရိုက်ခံရမှာဆိုးတာကြောင့် ချန်ယွီကျင်းရှေ့သွားကာရပ်လိုက်ပြီး

"ဒီက ကိုယ်လုပ်တော်ရွှီကို ဘွားဘွားတောင်းပန်ပါတယ် ဘွားမြေးကိုဘာမှမလုပ်ပါနဲ့"

"နင့်လိုဘွားတော်ကများ ငါကို ကိုယ်လုပ်တော်လို့ခေါ်ရဲတယ်ပေါ့ အဲ့မှာသွားသေလိုက်"

ရွှီကျိုက်နန်ဒေါသတကြီး ကြာပွတ်ကို ကိုင်မြှောက်ကာရိုက်ဖို့ပြင်လိုက်သည်။ကြာပွတ်ဟာအရှိန်ပြင်းစွာ ဘွားမင်အနားရောက်လာပြီး မျက်နှာကိုထိခါနီး ချန်ယွီကျင်းရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။

ချန်ယွီကျင်းကြာပွတ်ကို ဖမ်းထားရင်း လက်မှာနှစ်ပတ်လောက်ပတ်လိုက်ပြီး ကြာပွတ်ကိုဆွဲယူလိုက်သည်။

မိန်းကလေးအားက ယောက်ျားလေးအားကို မယှဉ်နိုင်တာကြောင့် ကြာပွတ်မှာ ချန်ယွီကျင်းလက်ထဲရောက်သွားသည်။

ချန်ယွီကျင်းကြာပွတ်ကို အရိုးကနေကိုင်လိုက်ပြီးမျက်နှာသေနဲ့ ရွှီကျိုက်နန်ကို စူးစိုက်ကြည့်လာကာ

"မင်းကများ မင်ဘွားဘွားကို လက်ရွယ်ရဲတယ်ပေါ့ဟမ် ဖြောင်း"

အော်သွယ်တော် system Where stories live. Discover now