(Unicode)
Chapter (75.1)–၅သိန်းတန်နာရီနဲ့ ၅သိန်းတန်ချေးငွေစာချုပ်
ကောင်လေးရှစ်ယောက်သည် နားနေခန်းမှထွက်လာပြီး သူတို့ထဲမှ ခုနစ်ယောက်၏ မျက်မှာပေါ်၌ ပုံမှန်မဟုတ်သော အမူအရာရှိနေသည်။
ဟယ်ချင်း၏နှလုံးသားလေး တစ်ချက်ဆောင့်ခုန်သွားသည်။
— တစ်ယောက်ယောက် ကူးစက်ခံရလို့လား...
ထန်းရှောင်ရို့လည်း သူမလိုပဲတွေးမိသွားပြီး မေးလိုက်သည်။
"ဘာဖြစ်ဝာာလဲ။ တစ်ယောက်ယောက် ကူးစက်ခံရတာလား..."
ချင်းလောဂ်သည် ပထမဆုံးအကြိမ်အဖြစ် သူမကိုလျစ်လျူရှုထားခဲ့ပြီး သူ့ဘာသာနေရန် ထောင့်တစ်နေရာကို ရှာခဲ့သည်။
လင်လျန်၏အကြည့်များက ချင်းလောင်အနောက်သို့သာ လိုက်နေတာမို့ သုမကိုပြန်မဖြေပေ။
ဒါကြောင့် သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ ရှောင်ဖေးဆီကို ဦးတည်လိုက်သည်
ရှောင်ဖေးသည် သူမကိုကြည့်လိုက်ပြီး စကားပြောရန် ချီတုံချတုံဖြစ်နေကာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ဖာ့ခ်... နင် စကားကို တစ်လုံးတစ်လေတောင် မပြောတော့ဘူးလား။ ဒီမိန်းမအိုကြီးဆီက အသတ်ခံချင်နေတာလား"
ဟယ်ချင်းသည် လီပင်း၏ ကျောကိုရိုက်လိုက်သည်။ ရက်အတော်ကြာ လုံလောက်စွာ မစားခဲ့ရသည့် လီပင်းသည် သူမထံမှ အရိုက်ခံလိုက်ရပြီးနောက် မတ်မတ်ရပ်ရန်ကြိုးစားပြီး ပြောလိုက်သည်။
"ကူးစက်ခံရတဲ့သူမရှိဘူး။ နင်တို့ရော..."ဒီလူတွေ တစ်ခုခုထူးဆန်းနေတယ်ဆိုတာ တွေးမိပေမဲ့လည်း ဟယ်ချင်းဆက်မမေးတော့ဘဲ ပြောလိုက်သည်။
"သူမရဲ့လက်တွေနဲ့ ခြေထောက်တွေ အတွင်းကြေဖြစ်သွားတယ်။ တခြားပြဿနာတော့မရှိဘူး"
လီပင်းခေါင်းညိတ်ကာ ဆက်ပြောသည်။ ထိုအချိန်၌ အားချန်သည် အစားအစာအချို့ကိုကိုင်ကာ လျှောက်လာပြီး လီပင်းကိုပေးသည်။ လီပင်းယူလိုက်ချိန်မှာ သူပြောသည်။
"ရော့... ပြီးရင် ပိုက်ဆံပေး..."
လီပင်း ချောင်းဟန့်ကာ 'ကျေးဇူး'ဟု ပြန်ပြောလိုက်သည်။

YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...