(Unicode)
Chapter (75.2)–အမေရေ..အရမ်းစိတ်လှုပ်ရှားတာပဲ
လင်လျန်မလှုပ်ရှားပါချေ။ သူ၏မျက်လုံးများကိုသာ ပိတ်ထားပြီး နံရံကိုမှီထားရင်းအိပ်စက်လေသည်။ ခဏအကြာမှာတော့ ချင်းလောင်က သူ့ကိုမတွန်းခဲ့သည့်အတွက် နောက်ဆုံးတော့ အိပ်ပျော်သွားသည်။
"သူတို့နှစ်ယောက်က... ဘာအခြေအနေလဲ"
ဟယ်ချင်းလည်း ထူးဆန်းနေတာကို သတိထားမိသွားသည်။
"သူတို့က တွေ့တိုင်း စကားများနေကျ မဟုတ်ဘူးလား။ သူတို့က အတူတူအိပ်ဖို့ ဆန္ဒရှိကြတာလား။ အားလား.... တကယ့်ကို ဘေးအန္တရာယ်တစ်ခုပဲ။ အခုတော့ သူတို့နှစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတူနေနိုင်ခဲ့ပြီပေါ့"
ရှောင်ဖေးသည် တိတ်တဆိတ်ဖြင့် သူ့မျက်နှာကိုအုပ်ထားပြီး အသက်ပြင်းပြင်းရှုကာ စကားလုံးတွေကို မျိုချလိုက်သည်။
"ရှောင်ဖေး..."
သို့သော် ထန်းရှောင်ရို့က သူ့ကိုတိကျစွာထောက်ပြလေသည်။
"သူတို့ဘာဖြစ်ကြတာလဲ။ ငါ့ကိုရိုးရိုးသားသားပြော... တစ်ခုခုဖြစ်ခဲ့တာလား "
နတ်ဘုရားမ၏အသံသည် အလွန်နူးညံ့သိမ်မွေ့ပြီး စိုးရိမ်နေသော အမူအရာမှာ အလွန်ရိုးသားနေခဲ့ရာ ရှောင်ဖေးအံကြိတ်လိုက်သည်။
— စိတ်မကောင်းပါဘူး အစ်ကိုနှစ်ယောက်ရေ... မင်းတို့နှစ်ယောက်ကြောင့် ငါ့နတ်ဘုရားမ အမှောင်မိုထုထဲ ကျနေတာကို ငါမကြည့်ရက်နိုင်ဘူး...
"နတ်ဘုရားမရေ... မင်းဒါကိုကြားပြီးရင် အရမ်း၀မ်းမနည်းရဘူးနော်..."
"ဘယ်လိုသောက်ကျိုးနဲကိစ္စမို့လို့လဲ"
ဟယ်ချင်း စိတ်မရှည်တော့... ရှောင်ဖေး၏ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော ပုံစံကိုကြည့်ပြီး တစ်ချက်လောက် ရိုက်ပစ်ရန် မစောင့်နိုင်တော့ပေ။
"အစ်ကိုလောင်... သူ... နဲ့... အစ်ကိုလျန်တို့က... အတူတူရှိနေကြပြီ"
ရှောင်ဖေးနက်နက်ရှိုင်းရှိုင်းဝမ်းနည်းသွားသည်။ ပြောရမည်ဆိုလျှင် ထိုနှစ်ယောက်နှင့်ပတ်သက်သည့်အကြောင်း ပြောမိသည့်အတွက် တောင်းပန်စကားကို စကားလုံးတစ်သောင်းလောက်ပြောချင်မိသည်။

YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...