(76.1)သေးငယ်သောကြင်နာမှုလေး/ေသးငယ္ေသာၾကင္နာမႈေလး

94 33 2
                                    

(Unicode)

Chapter (76.1)–သေးငယ်သောကြင်နာမှုလေး

လင်လျန်သည် မြေပုံမပါဘဲ ထိုစခန်း၏တည်နေရာကို လတ္တီကျုနှင့် လောင်ဂျီကျုများဖြင့် တွက်ချက်ဆုံးဖြတ်နိုင်သည်။

ဒီတော့သဘာဝကျကျပဲ လူအုပ်ကြီးထံမှ အံ့အားသင့်မှုနှင့် လေးစားမှုတို့ကို လက်ခံရရှိလိုက်လေသည်။

တစ်ဖက်မှာရှိတဲ့ ချင်းလောင်ကတော့ လင်လျန်ကို ဗလာမျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။

လင်လျန် ရယ်မောလိုက်သည်။

"မင်းမေ့သွားပြီလား။ ငါတို့အဲဒီကိုအတူတူသွားခဲ့တာလေ။ ဇီ၀ဗေဒလက်တွေ့စမ်းသပ်မှုဥယျာဉ်..."

ချင်းလောင် ရုတ်တရက် သဘောပေါက်သွားသည်။ ဒီရက်တွေထဲ သူနှင့်လင်လျန်တို့ လူတိုင်းဆီမှ မရေမရာအကြည့်များဖြင့် အကြည့်ခံခဲ့ရသည်။

အမြဲတမ်းအရှက်ကြီးသော ချင်းလောင်တစ်ယောက် နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားသောအမူအရာလေးကို လှစ်ဟပြလာသည်။

လက်တွေ့စမ်းသပ်မှုဥယျာဉ်ကို K City ၏ နာမည်ကြီးမိသားစုလေးစုက ရင်းနှီးမြုပ်နှံထားသည်။ အခုတော့ ဒီအခြေစိုက်စခန်းကို ဖွင့်လှစ်လိုက်ပြီမို့ ဒါဟာ သူတို့ရဲ့မိသားစုဝင်တွေ အခြေစိုက်စခန်းထဲမှာရှိနေတယ်ဆိုတာကို ဖော်ပြနေသည်။

— ဒါက ဘယ်လိုလုပ် သူ့ကို စိတ်မလှုပ်ရှားစေပဲ နေနိုင်မှာလဲ။

လူတိုင်းလူတိုင်း သူ့လိုပဲ စိတ်လှုပ်ရှားသော အနေအထားမှာရှိနေကြပြီး ဒီလိုခံစားချက်အောက်မှာ ကန်တင်းအနီးနားက လှုပ်ရှားမှုလေးတွေကို သတိထားဖို့ရာပင် မေ့လုနီးပါးဖြစ်သွားခဲ့သည်။

ဒါဟာ ကန်တင်းအရှေ့ဘက်ဆီမှ အော်သံကိုကြားလိုက်ရသည့် အချိန်အထိဖြစ်ပြီး အဲဒီနောက်မှာတော့ သူတို့၏မျက်နှာတွေ ပြောင်းလဲသွားသည်။

ဒီတခါတော့ အော်သံကသိပ်မတိုးလှတာကြောင့် လူတစ်ယောက်ထက်တော့ မကလောက်ပေ။

ဘယ်သူမှ တံခါးလာမခေါက်ပေမဲ့ ချင်းလောင်နှင့်တခြားသူတွေဝင်လာနိုင်ဖို့ ကြိုးစားစဉ်ကလိုပဲ တစ်စုံတစ်ယောက်က မီးဖိုခန်းရဲ့ ခေါင်မိုးပေါ်ကို တက်လာသည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: a day ago ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationTahanan ng mga kuwento. Tumuklas ngayon