1921-----1934

3 1 0
                                    

အခန်း (၁၉၂၁)(စာစဉ် ၁၅၃- အပိုင်း ၁၃)
“အုပ်ချုပ်သူမဲ့ အနောက်ကောင်းကင်”
ယုလျိုချောင်၊ လဲ့ဝေချီနှင့် ဖန်နုချောင် ထိပ်သီးပညာရှင်ကြီး ၃ ဦးမှာ တိုက်ပွဲအတွင်း ပြင်းထန်စွာ တိုက်ခိုက် လျက်ရှိကြသည်။ ၎င်းတို့ထံသို့ သက်ရောက်လာသည့် နဂါးနှင့်ဖီးနစ်တို့၏ တိုက်ခိုက်မှုများကို ခုခံနေကြခြင်းပါပင်။
တိုက်ပွဲအရှိန်မှာ ပြင်းထန်လွန်းလှ၍ ငလျင်ကြီးပမာ တုန်ခါသွားပြီး တောင်များပင် ပြိုကျသွား၏။ မသိပါက ကမ္ဘာကြီး တစ်ခုလုံးပျက်စီးသွားတော့မည့် ပုံမျိုးပါပင်။
ထို့ပြင် အနောက်ကောင်းကင်၏ စစ်သည်တော်များအားလုံးထံသို့ ရဲဟုန်ချန်၏ ဓားချက် ကျရောက်သွားပြီ ဖြစ်၏။ ထို့အတူ မန်တျန်းလျူမှာလည်း ဒေါသတကြီးဖြင့် ရဲဟုန်ချန်ရှိရာထံသို့ ပြေးဝင်သွားလေသည်။
ကောင်းကင်ဘုရင်တစ်ပါးအနေဖြင့် ပထမဆုံးအကြိမ် တိုက်ပွဲအတွင်း ပါဝင်လာချေပြီ။ တကယ်တမ်းတွင် သူ့အဖို့ ထိုသို့မတိုက်ခိုက်လိုသည့်တိုင် လက်ရှိအချိန်တွင်မူ ရွေးချယ်စရာ မရှိတော့ချေ။
ကံဆိုးစွာဖြင့်လည်း တိုက်ပွဲမစခင်တွင် သူ၏နတ်ဝိညာဉ်တော်မှာ ထိခိုက်ခဲ့ရလေသည်။ ထိုသို့သာ ထိခိုက်မှု မရှိခဲ့ပါက ရဲဟုန်ချန်ဘက်မှ ယခုကဲ့သို့ တိုက်ခိုက်ရန် အခွင့်အရေးရနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခါတစ်ရံတွင် ကံကြမ္မာဆိုသည့်အရာက ထူးခြားဆန်းကျယ်လွန်းလှ၏။ အကောင်းအတိုင်း နေလာရင်း ဖြင့်ပင် ကျရှုံးစေရန်အတွက် လမ်းကြောင်းများ ဦးတည်လာတတ်သည် မဟုတ်ပါလား။
(ငါ့ရဲ့ကံကြမ္မာက ဆိုးလိုက်တာ . . . ဝုဇန် သေဆုံးမှုကြောင့် ငါ့ရဲ့နတ်အသိစိတ်ပင်လယ်နဲ့ စိတ်ဝိညာဉ်က ထိခိုက်ထားခဲ့ရတယ်၊ ဝုဇန်ရဲ့သေဆုံးမှုက ငါ့ကိုပါ ဒုက္ခပေးနေတုန်းပါလား . . .)
နောက်ဆုံးတွင် ရဲဟုန်ချန်၏ လက်သီးချက်နှင့် မန်တျန်းလျူတို့၏ လက်သီးချက် လေထဲတွင် ထိတွေ့သွား ကြ၏။ ထိုထိတွေ့မှုမှာ လွန်စွာ ပြင်းထန်လွန်းလှလေသည်။
မည်မျှထိဆိုလျှင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူတို့အောက် မိုင်ရာချီအတွင်းရှိ ရွက်ဖျင်တဲ များအားလုံးမှာ ပြာဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။ ထို့ပြင် ကောင်းကင်ကြီး တစ်ခွင်လုံးတွင်လည်း ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။
သက်ရောက်မှုကြောင့် ရဲဟုန်ချန်၏ ခန္ဓာကိုယ်မှာ အနည်းငယ်သာ တုန်ခါသွားသော်လည်း မန်တျန်းလျူ မှာမူ နောက်သို့ ပေလေးငါးရာခန့်ပင် ဆုတ်ခွာသွားရသည်။ ထို့နောက်တွင် သူ၏မျက်နှာမှာလည်း သွေးမရှိတော့ သည့်အလား ချက်ချင်းပင် ဖြူရော်ရော်ဖြစ်သွား၏။
မမျှော်လင့်စွာပင် ရဲဟုန်ချန်၏ လက်သီးချက်ကြောင့် မန်တျန်းလျူတစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိ သွားခဲ့ချေပြီ။ ထို့ကြောင့် ထိုတိုက်ခိုက်မှု၏ ရလာဒ်ကို လူတိုင်းပင် အံ့ဩတကြီး ဖြစ်ခဲ့ရ၏။
အရှိန်ဩဇာကြီးမားလှသည့် အနောက်ကောင်းကင်၏ ဘုရင်ဖြစ်သူမှာ အနောက်ပိုင်းအား နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သူဖြစ်ပြီး အဆင့်မြင့်ပညာရှင်တစ်ဦးလည်းဖြစ်သည်။
သို့သော် တိုက်ပွဲအစ လက်သီးချက်မှာပင် ဆိုးရွားသော အခြေအနေမျိုး ဖြစ်သွားခဲ့ရ၏။ ဆရာကြီးရဲ၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်ဘုရင် ၅ ပါးထက်ပင် မမျှော်လင့်ဘဲ ကျော်လွန်သွားပါပြီလော။
ရဲဟုန်ချန်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် မန်တျန်းလျူရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် မန်တျန်းလျူအား ကြည့်လိုက်ရင်း -
“မန်တျန်းလျူ . . . မင်းရဲ့ဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်ပြီ . . .”
မန်တျန်းလျူ၏မျက်နှာ ပျက်ယွင်းသွားပြီး သက်ပြင်းရှည်ကြီးသာ ချလိုက်တော့၏။
လက်ရှိအချိန်တွင် သူ့အဖို့ အင်အားဆိုသည်မှာလည်း မရှိတော့ဘဲ စိတ်ဝိညာဉ်ပင် ပျက်စီးနေပြီ မဟုတ်ပါ လား။ သို့သော် တစ်ဖက်ရှိ ရဲဟုန်ချန်မှာမူ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။
ထို့ကြောင့် ယခုတိုက်ပွဲ၏ အဆုံးသတ်ကို မေးမြန်းနေစရာပင် မလိုအပ်တော့ချေ။ မန်တျန်းလျူ ကိုယ်တိုင် လည်း လက်သီးချက်တစ်ချက်တည်းဖြင့်ပင် ကောင်းစွာ သဘောပေါက်သွားပြီဖြစ်၏။
သူ့ဘက်မှ ဒဏ်ရာမရှိထားလျှင်ပင် ရဲဟုန်ချန်အား ယှဉ်နိုင်မည် မဟုတ်၍ ယခုအခါတွင် မည်သို့ယှဉ်နိုင်ပါ မည်နည်း။
“အနောက်ကောင်းကင်က မင်းရဲ့အောင်မြင်မှုတွေအတွက် အထောက်အကူပြုသလို ဖြစ်သွားမှာပေါ့လေ၊ မင်းရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ယူပါတယ် . . .”
မန်တျန်းလျူမှ ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်၏။
ထိုအချိန် အောက်ဘက်ရှိ ရွှေကြာပန်းခုနှစ်ပွင့် ဦးဆောင်သည့် မသေမျိုးအဆင့် ပညာရှင်များစွာမှာ အနောက်ကောင်းကင်၏ ရွက်ဖျင်တဲများအတွင်းသို့ ကျားရဲများကဲ့သို့ ပြေးဝင်နေကြပြီဖြစ်သည်။
ညကတည်းက ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ညဉ့်နက်ချိန်သို့ ရောက်ရှိသည့်အချိန် ရလာဒ်မှာလည်း သိသာနေ ပြီဖြစ်၏။ အနောက်ကောင်းကင်၏ စစ်သည်တော်များမှာ လဲပြိုကုန်ကြပြီ မဟုတ်ပါလား။
ပထမဆုံး အမတ်ချုပ်ယုလျိုချန်မှာ ဖီးနစ်နှင့်နဂါးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး သူ၏ နောက်ရှိ ဖန်နုချောင်မှာ ရွှေကြာပန်းခုနှစ်ပွင့်ကြောင့် အသက်ပျောက်ခဲ့ရ၏။
ထို့အတူ လဲ့ဝေချန်မှာလည်း သွေးမြစ်နှင့်အပေါင်းအပါများ၏ လျပ်တပြက် တိုက်ခိုက်မှုကြောင့် သေဆုံးသွား ခဲ့ရပြန်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် အနောက်ကောင်းကင်၏ ထောက်တိုင်ကြီး ၄ ခုလုံးမှာ မရှိတော့ဘဲ အားလုံး ပြိုလဲသွားကြချေပြီ။ ထို့ပြင် အနောက်ကောင်းကင်၏ မသေမျိုးအဆင့်နှင့်အထက် နောက်လိုက်နောက်ပါ ပညာရှင် များအားလုံးမှာလည်း ခြွင်းချက်မရှိ အသက်ခံလိုက်ရပြီဖြစ်၏။
နောက်ဆုံး ဘုရင်ဖြစ်သူ မန်တျန်းလျူမှာလည်း ရဲဟုန်ချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး သူ့ဝိညာဉ်ကိုပင် သူဖျက်ဆီးသွားခဲ့သည်။
ယခုတိုက်ပွဲကြီးတွင် ကောင်းကင် ၅ ခုအနက် ၁ ခုမှာ ရဲဟုန်ချန်၏ လက်အောက်သို့ ကျရောက်သွားခဲ့ရပြီ ဖြစ်၏။
ကောင်းကင်ဘုရင်တစ်ပါး၏ သေဆုံးမှုမှာ အခြားလူများနှင့် မတူချေ။ မန်တျန်းလျူ သေဆုံးသွားသည့်အချိန် အနောက်ကောင်းကင်ရှိ ကောင်းကင်ထက်တွင် ကြီးမားလှသော ကြယ်ပွင့်ကြီးမှာတစ်ပွင့် ထွန်းလင်းစွာ တစ်ချက် တောက်ပသွားပြီး ချက်ချင်းပင် ကြွေကျသွားသည် မဟုတ်ပါလား။
ထို့ကြောင့် လက်ရှိအချိန်တွင် အနောက်ကောင်းကင် ပိုင်နက်ကြီးမှာလည်း ပိုင်ရှင်မဲ့ နယ်မြေကြီးတစ်ခု ဖြစ်တည်သွားခဲ့ချေပြီ။
သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ကျန်သည့် ကောင်းကင်ဘုရင်များမှာ ကူညီရန်အတွက် ထွက် မလာကြပေ။ ရဲဟုန်ချန်အနေဖြင့်လည်း လက်ရှိအချိန်တွင် ကျန်နေရာများကို တိုက်ခိုက်ရန်အတွက် မသွားနိုင်သေး သည်မှာ သေချာလှသည်။
ကောင်းကင်ဘုရင် ၄ ပါးမှာမူ ရဲဟုန်ချန်မှ အနောက်ကောင်းကင်ဘုရင်အား အနိုင်ယူနိုင်ခဲ့ပုံကို အစမှအဆုံး စောင့်ကြည့်လျက်သာ ရှိနေခဲ့၏။
အရှေ့ကောင်းကင်ဘုရင်နှင့် ဘုရင်မဖြစ်သူတို့မှာလည်း စိတ်ဖိစီးလျက်သာ ရှိနေကြသည်။ ဘုရင်မဖြစ်သူ မန်ဟွာချင်းနှင့် ဘုရင်ဖြစ်သူ ဘိုင်ယုချန်တို့မှာ ထိုစိတ်ဖိစီးမှုဒဏ်များကြောင့် ရန်တကျက်ကျက်ပင် ဖြစ်နေကြ၏။ မည်မျှထိဆိုလျှင် လက်နက်များကိုပင် ဆွဲထုတ်၍ လင်မယားအချင်းချင်း တိုက်ခိုက်ကြတော့မည် ပုံပါပင်။
“ရှင်ဘာလို့ သူ့ကိုမကယ်ရတာလဲ . . . ဘာလို့လဲပြော . . . ကျွန်မကို အခုပြော . . .”
“ရှင်ကျွန်မအတွက် တစ်ခုခု လုပ်ပေးသင့်တယ် မဟုတ်ဘူးလား၊ အခုတော့ ရှင်ဘာလို့ ဒီလောက်ထိ အနေ အေးနေရတာလဲ၊ ရှင်နဲ့မဆိုင်သလို ဘာလို့ နေနေရတာလဲ . . .”
မန်ဟွာချင်းမှာ စိတ်လွတ်ပြီး ရူးမတတ်ပင် ဖြစ်နေရလေသည်။
အနောက်ကောင်းကင် မန်တျန်းလျူမှာ သူမနှင့်သွေးချင်းအလွန်နီးစပ်သော မောင်လေးတစ်ဦးပင် မဟုတ်ပါ လား။ သို့သော် မောင်ဖြစ်သူ သေဆုံးသွားသည့်တိုင် ယောကျာ်းဖြစ်သူ အရှေ့ကောင်းကင်ဘုရင်မှာ ကူညီခဲ့ခြင်း မရှိ ခဲ့ပေ။
တိုက်ပွဲရှုံးနိမ့်နေသည့်တိုင် အသက်ကိုမူ မရရအောင် ကယ်တင်ပေးသင့်သည်ဟု သူမစိတ်ထဲ ယုံကြည်ထား မိ၏။ သို့သော်‌ ယောက်ျားဖြစ်သူမှာမူ အစမှအဆုံးတိုင် ကူညီဖို့နေနေသာ လက်ပိုက်၍သာ ကြည့်နေခဲ့သည်။
ထို့ကြောင့် မန်ဟွာချင်းတစ်ယောက် အရူးတစ်ယောက်ပမာ ဒေါသတကြီး ဖြစ်နေရခြင်းပါပင်။ မောင်ဖြစ်သူ သတင်းစကြားချိန် သူမ၏စွမ်းအင် အကုန်အစင်ကို ထုတ်သုံး၍ ဟင်းလင်းပြင်ကိုပင် ဖြိုခွင်း၍သွားရန် ပြင်ဆင်ခဲ့ သည်။
သို့သော် သူမထံသို့ သတင်းရောက်လာချိန်တွင် တိုက်ပွဲမှာ ရှုံးနိမ့်သွားရသည့်အပြင် မည်သူမှလည်း အသက် ရှင်မကျန်ရစ်တော့ချေ။
“ချင်းအာ . . . ငါ့မိန်းမ . . . မင်းချိုးဖျောက်လို့ရတဲ့ စည်းမျဉ်းတွေရှိသလို လုံးဝသွားထိလို့မရတဲ့ စည်းမျဉ်း စည်းကမ်းတွေဆိုတာလည်းရှိတယ်၊ အခု သူ့ဘက်ကစပြီး စည်းမျဉ်းကို ချိုးဖောက်လိုက်တာ အဲဒီအတွက် သူပြန်ပြီး ပေးဆပ်ရမှာပဲလေ၊ ဘယ်သူပဲဖြစ်ဖြစ် ဒါကခြွင်းချက်မရှိဘူး . . .”
ဘိုင်ယုချန် စိတ်မသက်မသာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ငါအနေနဲ့ ဒီကိစ္စကို ဘာမှမလုပ်နိုင်ဘူး . . .”
“အား . . . အပိုတွေဘာမှလာမပြောနဲ့၊ အခု ရှင်ဘာပြောချင်တာလဲပြော . . . ရှင်ရဲ့ အရေးမပါတဲ့ စကားတွေ ကို ကျွန်မ နားထောင်ပေးမယ်၊ ကျိုးကြောင်းဆီလျော်မှုမရှိရင်တော့ ရှင်လည်း သေဖို့သာမှတ်ထား . . .”
မန်ဟွာချင်းမှာ ဒေါသများ ထွက်လွန်း၍ မျက်လုံးများပင် ရဲရဲတွတ်လျက်ရှိနေ၏။
“အမှန်တရားက အမှန်တရားပဲ . . . မင်းခဏလောက် ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်လိုက် . . .”
“တကယ်လို့ ရဲဟုန်ချန်က ငါတို့ကို မနိုင်လို့ ငါတို့လူတွေအားလုံးကို ရန်ရှာနေမယ်ဆိုရင် ဒီလိုအခြေအနေမျိုး ကို မင်းလက်ခံနိုင်မှာလား . . .”
ဘိုင်ယုချန်မှ တွေးတွေးဆဆဖြင့် ပြောလိုက်၏။
“ငါတို့လက်မခံနိုင်ဘူးလေ . . . ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ၊ အဲဒါကြောင့် ဒါကချိုးဖျက်လို့မရတဲ့ စည်းမျဉ်း လို့ ပြောတာပေါ့၊ မန်တျန်းလျူက သူလုပ်ခဲ့တာတွေအတွက် သူပြန်ပေးဆပ်ရမှာပဲ . . .”
“ကောင်းကင်ဘုရင်တစ်ပါးဆိုရင်တောင် အဲဒါအတွက် ခြွင်းချက်မရှိဘူး၊ အဲဒီအကြောင်းအရင်းကြောင့် ငါတို့ တွေ စစ်ပွဲထဲ ဝင်ပါလို့မရဘူး၊ ငါတို့သာ ဝင်ပါလိုက်မယ်ဆိုရင် ငါတို့ရဲ့ ရပ်တည်ချက်က လုံးဝကို ရှင်းလင်းသွားလိမ့် မယ်၊ မန်တျန်းလျူ လုပ်တာကို ငါတို့ကပါ ထောက်ခံတယ် ဖြစ်သွားမှာပေါ့ . . .”
“အဲဒီလိုသာဆိုရင် ရဲဟုန်ချန်က ငါတို့ကို ပစ်မှတ်ထားပြီး ရွှေကြာပန်းခုနှစ်ပွင့်နဲ့ သူ့လူတွေကို ဖျက်ဆီးခိုင်း လိမ့်မယ်၊ အဲဒီအချိန်ကျ ဘယ်သူက ကာကွယ်ပေးမှာလဲ . . .”
“မင်းကိုယ်တိုင်ကရော အဲဒီလို အကျိုးဆက်တွေကို မြင်ရတဲ့အချိန် ပျော်နေမှာလား၊ အခု မင်းစိတ်ထဲ ခံရ ခက်နေတယ်ဆိုတာကို သိပေမယ့် ငါတို့ဘက်က ဘာမှမလုပ်နိုင်ဘူးလေ . . .”
ဘိုင်ယုချန်၏ စကားကြောင့် မန်ဟွာချင်းစိတ်ထဲ ဒေါသများ ပိုမိုပေါက်ကွဲထွက်လာ၏။ သူမရင်ထဲ မောင် ဖြစ်သူ သေဆုံးမှုကြောင့် ရတက်မအေးနိုင်အောင်ပင် ဖြစ်နေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now