အခန်း၂

4.7K 377 2
                                    

ကျီဖန်ယင်း ကူးပြောင်းလာသော ခန္ဓာကိုယ်သည် သူမနဲ့နာမည်တူသော်လည်း သူမတွင် ကျီရှင်းရှင်းဟုခေါ်သော အမြွှာညီအစ်မတစ်ဦးရှိသည်။ သူတို့နှစ်ဦးသည် ပုံပန်းသဏ္ဌာန်တူသော်လည်း စရိုက်ချင်းမတူကြပေ။

ကျီရှင်းရှင်းသည် တက်ကြွပြီး ချစ်စရာကောင်းတာကြောင့် လူတိုင်းက ချစ်ကြသည်။ သူမသည် ကျီမိသားစု၏မင်းသမီးလေးဖြစ်ပြီး သူမ၏အမွှာညီမ ကျီဖန်ယင်းသည်တော့ ရိုးအပြီးတိတ်ဆိတ်သော မိန်းကလေးဖြစ်သည်။

ကျီရှင်းရှင်းသည် ထက်လည်း ထက်မြက်သည်။ သူမရဲ့စကပ်အောက်မှာ ငါးမွေးကန်ကြီးလိုကို ရှိနေပြီး သူမရဲ့ဘဝမှာတွေ့ခဲ့ရသောယောကျ်ားလေးအများစုက ထိုငါးမွေးကန်ကြီးထဲပိတ်မိသွားတတ်ကြသည်။ သူမရဲ့ အချစ်ရေးက အရမ်းကိုကောင်းမွန်ပြီး ကျရှုံးခဲ့တာမျိုးမရှိပါဘူး။

ဒါပေမယ့် တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ကျီရှင်းရှင်းဟာ နိုင်ငံခြားကို ဈေးကွက်ကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့… မှားလို့ နိုင်ငံခြားမှာ ဆက်လက် ပညာသင်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျီရှင်းရှင်း မွေးမြူထားသော ငါးများက သူမ မရှိတုန်း ရေငတ်လာရင် ဘာလုပ်ကြမလဲ။

— ဟုတ်ပါတယ်၊ ကျီရှင်းရှင်းနဲ့ တူတဲ့ 'ကျီဖန်ယင်း' ကို ရှာပြီး အချိန်ဖြုန်းတာပါပဲ။

အစကတော့ ထိုအစားထိုးလုပ်ဖို့လာရှာတဲ့လူတွေထဲမှာ 'ကျီဖန်ယင်း' သဘောကျနေတဲ့ စုန့်ရှီးယွီလည်း ပါတာကြောင့် သူမသည် အစားထိုးလုပ်ပေးခဲ့သည်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ စုန့်ရှီးယွင်သည် 'ကျီဖန်ယင်း' ကို တခြားအမျိုးသားတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

သူမသည် နာမည်အရင်းပင် မပိုင်ဆိုင်နိုင်တော့သော အစားထိုးလူတစ်ဦးဖြစ်လာခဲ့သည်။ ထိုအမျိုးသားများက သူမကို 'ကျီရှင်းရှင်း' ဟုသာ ခေါ်ဆိုကြသည်။

သူမ အကြိမ်ပေါင်းများစွာ သတ်သေဖို့​ကြိုးစားခဲ့ပေမယ့် သူမသေလို့တောင် မရ​တော့ဘူးဆိုတာကို သဘောပေါက်သွားခဲ့ပါသည်။ နောက်ဆုံးတွင် ထိုလူများက သူမကို ချုပ်နှောင်ထားပြီး လွတ်လပ်ခွင့်မပေးကြတော့ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now