ကျီဖန်ယင်း၏ ယခင်ဘဝတွင် နိုင်ငံရပ်ခြားသို့ မကြာခဏ သွားလေ့ရှိသည်။ အများအားဖြင့်တော့ သူမရဲ့ ခရီးဆောင်အိတ်များကို လက်ထောက်တစ်ဦးက ထုပ်ပိုးပေးခဲ့ပေမဲ့ သူမကြည့်ရင်း အရာတစ်ခု၊ နှစ်ခုကို သင်ယူခဲ့နိုင်ပါသည်။ သူမသည် တစ်ပတ်စာအတွက် လိုအပ်သည့်အဝတ်များနှင့် အိတ်သေးလေးများဖြင့် ခရီးဆောင်အိတ်ကိုအပြည့်ဖြည့်ရန် အချိန်သိပ်မကြာခဲ့ပေ။
သာမာန်အရေးပေါ်ဆေးဝါးများအပြင်၊ ငရုတ်ကောင်းစပရေးနှင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်သောကိရိယာများကို ထည့်လာရန်လည်း မမေ့ခဲ့ပါ။
နောက်တစ်နေ့မနက်မှာတော့ ကျီဖန်ယင်းဟာ ခရီးသွားအေဂျင်စီဆီသို့ တက္ကစီတစ်စီးဖြင့် ဗီဇာကို သွားယူခဲ့ပါသည်။ လေဆိပ်သို့ရောက်သောအခါတွင် လက်မှတ်ဖြင့် လှည့်ပတ်ရှာရမည်ဟု သူမထင်ခဲ့သော်လည်း ဘိုင်ကျိုးက သူမကို ဖုန်းခေါ်ကာ ဂိတ်၁၃သို့သွားရန်ပြောခဲ့သည်။
သူမကို လမ်းညွှန်ပေးမည့် လက်ထောက်တစ်ယောက်လောက်ရှိမယ်လို့ သူမထင်ခဲ့တာကြောင့် အဲ့ဒီမှာ မိနစ်အတော်ကြာအောင် စောင့်ခဲ့ပြီး ကူညီလမ်းညွှန်ပေးမည်ဟုပြောသည့် ကြင်နာသောသူနှစ်ဦးကို ငြင်းပယ်ပြီးနောက်မှာတော့ 'သိုသိပ်သောသူ' တစ်ယောက်ကို တွေ့ခဲ့ပါသည်
သူဒီဘက်သို့လမ်းလျှောက်လာစဉ်က အကူအညီပေးရန်လာသော သူစိမ်းဟုထင်ပြီး ငြင်းပယ်ရန်တွေးခဲ့ပေမဲ့ သူ့မျက်လုံးများသည် အနည်းငယ်ရင်းနှီးနေတာကို အမြန်သတိထားမိလိုက်သည်။
သူသည် အနက်ရောင်ဘေ့စ်ဘောဦးထုပ်ဝတ်ထားပြီး အနက်ရောင်မျက်နှာဖုံးဖြင့် မျက်နှာကို ဖုံးအုပ်ထားပါတယ်။ သူ့ပခုံးထက်တွက်လည်း အနက်ရောင်အိတ်တစ်ခု ပါရှိနေသေးသည်။ အရပ်ရှည်ပြီး အချိုးကျသောခန္ဓာကိုယ်ကြောင့် သူသည် တစ်နေရာရာသို့ လျှိုဝှက်စွာသွားနေသော နာမည်ကြီးတစ်ဦးနှင်ပင် တူနေသည်။
ဘိုင်ကျိုးကလွဲလို့ ဘယ်သူများဖြစ်နိုင်ပါ့မလဲ။
ကျီဖန်ယင်းက အေးအေးဆေးဆေး နေကာမျက်မှန်ကို ချွတ်လိုက်ပြီး "ငါကိုယ်ဘာသာသွားလို့ရတယ်။" လို့ပြောလိုက်သည်။
![](https://img.wattpad.com/cover/318943073-288-k473414.jpg)
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)