သူ၏ အလွန်အမင်းကောင်းနေသော စိတ်အခြေအနေကြောင့် ကျီဖန်ယင်းသည် ဘိုင်ကျိုးကို အမြန်အိပ်ရန် အလွယ်တကူ ချော့ပြောနိုင်ခဲ့သည်။
ထို့နောက် သူမသည် တခြားအိပ်ခန်းထဲသို့ဝင်ကာ အိတ်ထဲရှိ ပစ္စည်းများကို သေသေသပ်သပ် ထုပ်ပိုးကာ အိပ်ယာပေါ်သို့ ပစ်ဝင်လိုက်သည်။
ထို့နောက် သူမလုပ်ခဲ့တဲ့ ပထမဆုံးအရာကတော့ သူမဖုန်းကိုဖွင့်ကာ Weibo ထဲဝင်ပြီး ဘိုင်ကျိုးကို သူမရဲ့followingစာရင်းထဲက ဖယ်ရှားလိုက်တာပဲဖြစ်ပါသည်။
ဘိုင်ကျိုး သူမကိုယ်စား တင်ထားတဲ့ ပို့စ်ကိုကြည့်ကာ ခဏလောက်စဉ်းစားပြီးနောက် မဖျက်ရန် ဆုံးဖြတ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် လူတွေအများကြီး မြင်ပြီးသွားကြပြီပဲ။ အခုဖျက်လိုက်ရင်တောင် ဘာမှထူးခြားသွားမှာမဟုတ်ဘူး။ ပြီးတော့ ငါလည်း ဒီအပတ် ရုပ်ရှင်ကြည့်ဖို့နဲ့ သုံးသပ်ချက်တင်ဖို့ အချိန်သိပ်မရှိလောက်ဘူး။
သူမသည် သူမရရှိခဲ့သည့် အမျိုးမျိုးသော မက်ဆေ့ချ်များကို လျင်မြန်စွာစာပြန်ပြီးနောက် စက်အင်ဂျင်ကို ဆက်လက်မောင်းနိုင်ရန်အတွက် စတင်အနားယူလိုက်တော့သည်။
နေ့ခင်းဘက်တွင် ကျီဖန်ယင်း နိုးလာခဲ့သည်။
သူမ အိပ်ခန်းတံခါးကို ကြည့်လိုက်ရာ ဘိုင်ကျိုး မနိုးသေးတာကို သိလိုက်ရတယ်။ ထို့ကြောင့် အမြန်ရေချိုးကာ နေ့လယ်စာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
သူမဟင်းချက်နေရင်း သူမနောက်မှ ဘိုင်ကျိုး၏ အက်ကွဲနေသော အသံကို ရုတ်တရက်ကြားလိုက်ရသည်။ "မမ"
နောက်နေ့ဂီတပွဲတော်အတွက် တစ်ညလုံ ပြင်းထန်စွာ လေ့ကျင့်ခဲ့သည့် အသံနှင့်ပင်မခြားပေ။ အံ့အားသင့်သွားသည့် ကျီဖန်ယင်းသည် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မျက်နှာဖြူဖျော့နေသော ဘိုင်ကျိုးသည် နာကျင်စွာ မျက်မှောင်ကြုတ်ထားပြီး တံခါးဝကို မှီလျက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူ့လက်သည် ညဝတ်အင်္ကျီအောက်မှ ဗိုက်ကိုဖိထားတာကြောင့် သူ၏သေးသွယ်တဲ့ခါးကို အနည်းငယ်မြင်နေရသည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)