အခန်း၁၄၇

1.3K 183 0
                                    

ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏ ခြိမ်းခြောက်မှု တစ်ဝက်ပါသော တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်မရှိပေ။

သူမသည် စုန့်ရှီးယွီနှင့် တွေ့ဆုံခဲ့သည်မှာ ငွေကြောင့်ဖြစ်သော်လည်း ကျီရှင်းရှင်းကတော့...

ပထမဆုံးအနေနဲ့ ကျီရှင်းရှင်းက သူမကို ပိုက်ဆံပေးမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဒုတိယအနေနဲ့၊ သူမသွားသွား၊ မသွားသွား ကျီရှင်းရှင်းဆီမှ စိတ်ခံစားချက်ရမှတ်အများအပြားကို ရနေဆဲပင်။

ကျီရှင်းရှင်း ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျီဖန်ယင်းဟာ မိန်းမငယ်လေးရဲ့ စိတ်သည် ဘယ်လောက်တောင် အတက်အကျလွယ်ကြောင်း သိလာခဲ့ပါတယ်။ သူမ၏ စိတ်ခံစားမှုများသည် ရိုလာကိုစတာကဲ့သို့ ဖြစ်နေပြီး စုန့်ရှီးယွီလောက်နီးပါး စိတ်ခံစားချက်ရမှတ်အများအပြားကို ရနေသည်။

သို့သော် ကျီဖန်ယင်းသည် ကျီရှင်းရှင်းပြောသည့် 'မလာမချင်း စောင့်နေမည်' ဆိုတာကို စပ်စုချင်သည်။

ထို့ကြောင့် ကျီရှင်းရှင်းပြောသော လက်မှုပစ္စည်းဆိုင်ကို သူမ၏မှတ်ဉာဏ်ထဲ လှန်လှောရှာဖွေလိုက်သည်။ သူမကိုယ်စား လက်မှုပစ္စည်းဆိုင်တွင် ဝယ်ယူ​ပေးရန် လူတစ်ယောက်ကို ပို့ဆောင်ရေးအက်ပ်ထဲမှ ငှားရမ်းလိုက်သည်။

ဆိုင်သည် ည ၉ နာရီမှာ ပိတ်သည့်အတွက် ကျီဖန်ယင်းက ငှားရမ်းထားသည့်လူကို ည၈ နာရီ ၄၅မိနစ်မှာ သွားဝယ်​ပေးဖို့ တောင်းဆိုခဲ့ပါသည်။ ဆိုင်ကိုရောက်သောအခါ ဖုန်းဆက်ပေးဖို့လည်း မှာခဲ့သေးသည်။

"ဟယ်လို၊ ကျွန်တော် Flash Delivery Knightကိုရောက်နေပါပြီ။"

"အဲ့က နာမည်အကြီးဆုံး ပစ္စည်းကို ဝယ်ပေးပါ၊ ဘောင်ချာကိုလည်း ပြန်ယူလာပေးပါ။" ကျီဖန်ယင်း၏ အာရုံစိုက်မှုသည် လက်မှုပစ္စည်းများအပေါ် မဟုတ်ပေ "ဆိုင်ထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ မိန်းကလေးလှလှလေးတစ်​ယောက် ရှိလားဆိုတာလည်း တစ်ချက်လောက် စစ်ကြည့်ပေးပါ။"

လက်မှုပစ္စည်းဆိုင်သည် စိတ်ကြိုက်လုပ်ပေးသည့်ဘက်ကို ပိုဦးစားပေးတာကြောင့် ဖောက်သည်များစွာမရှိပေ။ သူဌေးသည် ဆိုင်ကို အပျော်သာ ဖွင့်ထားတာဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now