အခန်း၅၀

2.2K 299 6
                                    

သူမတို့ ယနေ့တွေ့ဆုံသည်မှာ တတိယအကြိမ်ဖြစ်နေပြီ။

တက္ကသိုလ်တစ်ခုတည်းက ကျောင်းသားတွေဆိုတော့ ထင်ထားတဲ့အတိုင်း တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြသည်။

ဘိုင်ကျိုး၏ သူငယ်ချင်းများသည် ကျီဖန်ယင်း နှင့်ပါလာသော လူငယ်​လေးကို မြင်သောအခါ အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွား​ကြပြီး "စီနီယာချန်"

"အဲ၊ မမြင်သင့်တာတွေ မြင်မိသွားတာလား။ ဟဲဟဲ…"

"အိုက်ရိုး၊ စီနီယာချန်ကို စင်ဂယ်ပဲရှိသေးတယ်လို့ ထင်နေခဲ့တာ။ ကျွန်​တော့် သတင်းက နောက်ကျနေတဲ့ပုံပဲ။"

ကျီဖန်ယင်း အနားမှာရပ်နေတဲ့ လူငယ်က သူ့လက်များကို ဝှေ့ယမ်းရင်း "မဟုတ်ဘူး၊ နားလည်မှုလွဲနေပြီ။ ငါတို့က အဲ့လို ဆက်ဆံရေးမျိုး မဟုတ်ဘူး…"

"အဲ့လို ဆက်ဆံရေးမျိုး မဟုတ်တဲ့သူတွေက စုံတွဲရေခဲမုန့်ကို အတူစားနေကြတာလဲ။"

"ဟမ်?"  တစ်ယောက်ယောက်က သံသယဖြစ်စွာ ပြောလိုက်သည်။ "ကျွန်တော် စီနီယာရဲ့ ကောင်မလေးကို တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ။"

"အာ၊ ဟိုတလောက ပြင်သစ်ကို ပညာတော်သင်သွားတဲ့ စီနီယာ ကျီရှင်းရှင်း မဟုတ်ဘူးလား။"

အဝေးတွင် စကားစမြည်ပြောနေသည့် လူငယ်များနှင့် ဘိုင်ကျိုး၏ ရှုံ့မဲ့နေသော မျက်နှာကိုမြင်သောအခါ ကျီဖန်ယင်းသည် အနည်းဆုံး နားလည်မှုလွဲနေခြင်းကို အရင် ရှင်းလင်းသင့်သည်ဟု ထင်လိုက်သည် "ကျီရှင်းရှင်းက ​အစ်မညီမလေ" ဟုပြောသည်။

"အစ်မတို့က အမြွှာတွေလား။ လုံးဝကိုချွတ်စွပ်ပဲ။"

"ဟုတ်တယ်၊ အမွှာတွေ။" ကျီဖန်ယင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ထို့နောက် သူမနောက်က ရေခဲမုန့်ဆိုင်ကို ညွှန်ပြပြီး "အားလုံးစားပြီးကြပြီလား။ ဝယ်ကျွေးမယ်လေ။"

တက္ကသိုလ်ကျောင်းသားများ၏ဗိုက်ထဲတွင် တွင်းနက်​ကြီးတစ်ခုရှိနေသလိုပင်။ ကျီဖန်ယင်းကြောင့်ပဲဖြစ်ဖြစ် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတင်းအဖျင်း​သတင်းကြောင့်ပဲဖြစ်ဖြစ် ကျီဖန်ယင်းရဲ့ ကမ်းလှမ်းချက်ကို မဆိုင်းမတွ လက်ခံကာ ရေခဲမုန့်ဆိုင်ထဲကို ဝင်သွားကြတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now