အခန်း၁၃၆

1.4K 209 4
                                    

ဒီရှုပ်ထွေးတဲ့ညီအစ်မဆက်ဆံရေးအကြောင်းတွေးရင်း ကျီဖန်ယင်းသည် သူမဖုန်းထဲမှ တခြားမက်ဆေ့ချ်တွေကို စစ်ဆေးလိုက်သည်။

ချန်ယွမ်ရှန်းက မနေ့ညက သူမကို စိတ်ပူစွာ မက်ဆေ့ချ်ပို့ထားသည် [အစ်မ၊ ကျွန်တော် အစ်မရဲ့ညီမလေးကို ကျောင်းမှာတွေ့ခဲ့တယ်... အစ်မ သူနဲ့ ရင်းနှီးလား။]

ကျီဖန်ယင်းက ပြန်ဖြေသည် [သိပ်မရင်းနှီးပါဘူး။ မင်းတို့ နှစ်ယောက်သား စကားပြောခဲ့ကြသေးတယ်ဆို။]

ချန်ယွမ်ရှန်းသည် 'မိုးကြိုးထိသွားသည့်' အီမိုဂျီကို ချက်ချင်းပို့ကာ ရှင်းပြတော့သည် [မဟုတ်ဘူးနော်၊ အစ်မ။ ကျွန်တော် သူနဲ့ စကားခုနစ်ခွန်းပဲပြောခဲ့တာ။]

ကျီဖန်ယင်းက သူ့တုံ့ပြန်မှုကို သဘောကျသွားသည် [စကားခွန်းအရေအတွက်တောင် မှတ်ထားတာလား။]

ချန်ယွမ်ရှန်း၏စာသည် လျင်မြန်စွာရောက်ရှိလာသည် [ကျွန်တော် ပြန်ရောက်တော့ တစ်ခုခုမှားပြောမိသွားမှာ စိုးရိမ်ပြီး တွေးနေခဲ့တာ။ သူအရင်က ကျောင်းဝင်းထဲbellaလို့ ကြားဖူးပေမယ့် လူချင်းတွေ့တော့... အစ်မနဲ့ တော်တော်လေးကို ကွာတယ်နော်။]

ကျီဖန်ယင်း: [အစ်မတို့ မတူလို့လား၊ မဟုတ်ရင် မင်းအစ်မတို့ကို ဘယ်လူမှားပါ့မလဲ။]

ချန်ယွမ်ရှန်းက စိုးရိမ်တကြီး​ဖြင့် သူ့ကိုယ်သူ ခုခံပြောသည်။

[ကြည့်ကြည့်ချင်းဆိုရင်တော့ တူတယ်၊ ဒါပေမဲ့ အစ်မတို့ရဲ့ အပြုံးတွေက မတူဘူး။]
[အစ်မ နားလည်မှုမလွဲနဲ့နော်။ ကျွန်တော် စစချင်က လူမှားခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမယ့် သူပြုံးလိုက်တာနဲ့ မမ မဟုတ်ဘူးဆိုတာ ကျွန်တော်တန်းသိလိုက်တာပဲ။]

ကျီဖန်ယင်းသည် သူမ၏ထုံးစံအတိုင်း ကျီရှင်းရှင်း၏ အပြုအမူကို တွေးနေမိသည်။

ငါတို့၏ကိုယ်ရည်ကိုယ်သွေးတွေက လုံးဝကွဲပြားတော့ မျက်နှာအမူအရာတွေ ကွာတာက ဖြစ်နိုင်ပါတယ်။

အလုပ်ချိန်အတွင်း သူမသည် ကျီရှင်းရှင်း၏အပြုံးကို ထိန်းသိမ်းထားရန်မှာ ပင်ပန်းသည်ဟု ​​တွေးခဲ့သော်လည်း ကျီရှင်းရှင်းမှာတော့ ကျင့်သားရသွားပုံပင်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now