ကျီဖန်ယင်း၏ထိုင်ခုံသည် အနောက်ဘက်ကျသော အတန်းတွင်ရှိသော်လည်း အဆင်မပြေမှုများ မရှိခဲ့ပေ။ သူမဟာ ရုပ်ရှင်ကို အရမ်းအာရုံစိုက်နေတာကြောင့် ရုပ်ရှင်တစ်ဝက်လောက်တွင် သူမဘေးမှာထိုင်နေတဲ့ လူလဲသွားတယ်ဆိုတာကိုတောင် သတိမထားမိခဲ့ပါ။
ကျီဖန်ယင်းသည် ရုပ်ရှင်အဆုံး စာတန်းထိုးများထွက်လာသည့်အချိန်ကျမှ အသက်ပြင်းပြင်းကိုရှူထုတ်လိုက်သည်။
တင်းမာမှုတွေ ပြည့်နှက်နေတဲ့ ရုပ်ရှင်တစ်ကားပါ။ အမျိုးသားဇာတ်ဆောင်သည် ကြိုးတစ်ချောင်းပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ သတိအနည်းငယ်လောက် ပေါ့လျော့မိသည်နှင့် သေတောင်သွားနိုင်မည့် အသေးစိတ် အစီအစဉ်ကိုချကာ လုပ်ဆောင်ခဲ့သည်။ ကျီဖန်ယင်းသည် ရုပ်ရှင်ချိန်တစ်လျှောက်လုံး သူမ ထိုင်ခုံအစွန်းတွင်သာ ထိုင်နေခဲ့သည်ကို သတိထားမိလိုက်မိသည်။
"ရုပ်ရှင်က ဘယ်လိုလဲ" သူမဘေးကလူသည် တိုးတိုးလေးမေးသည်။
ကျီဖန်ယင်းက မသိစိတ်မှ ပြန်ဖြေသည်။ "ကင်မရာရိုက်ချက်တွေကနေစပြီး အစီအစဉ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို စေ့စေ့စပ်စပ် အာရုံစိုက်ထားပြီးတော့ အဓိကဇာတ်ကောင်တွေရဲ့ စိတ်တွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့အထိကို အာလုံးကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတယ်။ ဒီဇာတ်ကားက ရုပ်ရှင်ပွဲတော်တွေမှာ ဆုရလောက်မယ်"
"ဟဲရှန်ရော ဘယ်လိုလဲ"
ကျီဖန်ယင်းသည် တုံ့ဆိုင်းခြင်းမရှိ "ပြီးပြည့်စုံတယ်။ သူပုံဖော်ထားတဲ့ ဇာတ်ကောင်ထဲ လုံးဝကို နစ်မြုပ်နေတဲ့ပုံပဲ။ ဒီဇာတ်ကားကို အရမ်းအာရုံစိုက်ပြီး ရိုက်ကူးခဲ့တော့ ကျွန်မထင်တာ သူဒီဇာတ်ကားထဲကနေ ပြန်ထွက်လာဖို့ ခက်လိမ့်မယ်။"
သူမသည် ရုပ်ရှင်တွေအကြောင်းပြောတဲ့အခါ သဘာဝကျကျနဲ့ စကားများလာသည်။
သူမရဲအကဲဖြတ်ချက်ကို ပြောပြပြီးနောက် ကျီဖန်ယင်းက သူမဘေးနားကလူကို ခေါင်းမော့ကာ ကြည့်လိုက်ပြီး "ရှင်ကော"ဟု မေးခဲ့ပါသည်။
မှိန်နေသောမီးရောင်ကြောင့် သူမသည် တစ်ဖက်လူကိုသိပ်မမြင်ရပေ၊ ထို့ကြောင့် သူမသည် သူ၏ဝေခွဲမရဖြစ်နေသော အသံကိုသာ ကြားရသည် "ကျွန်တော်လည်း မင်းနဲ့ အမြင်တူတူပဲ။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)