အခန်း၁၁၈

1.6K 180 1
                                    

ထိုအချိန်တွင် သူမသည် အဆင်ပြေကြောင်းပြောရန် ကျန်းနင်ဆီသို့ မက်ဆေ့ချ်ပို့သင့်သော်လည်း ရုတ်ချည်းဖြစ်သွားတာကြောင့် မေ့သွားသည်။

အံ့သြစရာကောင်းတာက အဲဒီအချိန်မှာပဲ ကားထဲတွင် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာတယ်။

သူမဆီမှ မဟုတ်သောကြောင့် လီ​ရှောက်ရှင်းဘက်မှသာ ဖြစ်နိုင်သည်။

ကျီဖန်ယင်းက စီးပွားရေးဖုန်းဟု ထင်ခဲ့သေယ်လည်း အတွင်းရေးမှူးဖန်က ရုတ်တရက် စပီကာကိုလက်ဖြင့်ဖုံးလိုက်ပြီး နောက်လှည့်ကာ လီရှောက်ရှင်းကို တိုးတိုးလေး "ကျန်းမိသားစုရဲ့ သခင်မလေးပါ။"

"အမ်" ကျီဖန်ယင်းသည် စာသင်ခန်းထဲတွင် စကားပြောခွင့်ကိုတောင်းဆိုနေသည့် လိမ္မာသော ကျောင်းသားတစ်ယောက်ကဲ့သို့ သူမ၏လက်ကို မြှောက်ကာ "သူကျွန်မကို ရှာနေတာဖြစ်နိုင်တယ်။"

"... မစ္စတာလီ?" အတွင်းရေးမှူးဖန်က မေးကြည့်သည်။

လီ​ရှောက်ရှင်း၏မျက်လုံးများသည် လက်ပ်တော့မှ မခွာဘဲ "သူ့ကို ပေးလိုက်" ဟုပြန်ဖြေသည်။

အတွင်းရေးမှုးဖန်က ကျီဖန်ယင်းဆီကို ဖုန်းပေးလိုက်သည်။

ကျီဖန်ယင်းက ဖုန်းကို နားဆီသို့ အမြန်ကပ်လိုက်ပြီး "ကျွန်မပါ၊ ကျီဖန်ယင်း" လို့ပြောလိုက်သည်။

"အဆင်ပြေလား။" ကျန်းနင်က ကျယ်လောင်စွာ သက်ပြင်းချလိုက်သည်။ "ရှင်သူနဲ့ ဘယ်လိုလုပ် သိတာလဲ။ ကျွန်မတောင် သူ့ဖုန်းနံပါတ်ကို ရဖို့ အချိန်ယူလိုက်ရတယ်။"

"နည်းနည်းတော့ ရှုပ်တယ်၊ ကျွန်မ အခု အဆင်ပြေနေပါတယ်။ ရှင့်ကို နှောက်ယှက်မိသွားတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ခေါက်ဆုံရင် ကျွန်မ ကျွေးရမလား။" ကျီဖန်ယင်းက ပြုံးကာ ပြောသည်။

"ဒါပေါ့။ ကြိုပြောထားမယ်နော်၊ ကျွန်မ အစားအသောက်နဲ့ ပတ်သက်ရင် အကုန်စိတ်ရင်းပဲ။" ကျန်းနင်က ဆက်လက်ကာ "ကျွန်မ ရှင်နဲ့ဆွေးနွေးချင်တာလေးလည်း ရှိသေးတယ်... ဒါနဲ့ လီရှောက်ရှင်းရှိသေးလား။ ကျွန်မ သူနဲ့ စကားပြောချင်လို့။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now