ကျီဖန်ယင်း၏ သဘောထားသည် ချက်ချင်းပင် ကောင်းလာခဲ့ပြီး "ဖုန်းနဲ့ ရှင်းပြဖို့က ခက်တယ်။ မင်းရဲ့ အီးမေးလ်ကိုပြော၊ စျေးနှုန်းစာရင်း ပို့လိုက်မယ်။"
"ဈေးနှုန်းစာရင်းတောင်ရှိတယ်ပေါ့။" ဘိုင်ကျိုးက ပြောလိုက်သည်၊ "ကျီဖန်ယင်း မင်းစီးပွားရေးလုပ်နေတယ်လို့ တကယ်ကြီး ထင်နေတာလား"
"သရုပ်ဆောင်တာက သေချာပေါက်အလုပ်ပဲပေါ့။" ကျီဖန်ယင်းက သူ့ရဲ့အမြင်ကို စိတ်အားထက်သန်စွာ ပြင်ပေးလိုက်ပါသည်၊ "ငါ့က အရည်အချင်းတွေကိုပဲ ရောင်းတာ၊ ခန္ဓာကိုယ်ကို မဟုတ်ဘူး"
ဘိုင်ကျိုးသည် ကျီဖန်ယင်း၏ရှင်းပြချက်ကို စိတ်မ၀င်စားပေ။ သူမ "အီးမေးလ်ပို့လိုက်ပြီ" ဟု မပြောခင်အထိ တိတ်ဆိတ်နေခဲ့သည်။
ကျီဖန်ယင်းသည် မီးဖိုကိုပိတ်ပြီး ကြက်ဥမွှေတံကိုဘေးတွင်ထားလိုက်သည်။ သူမသည် အသစ်ပြုပြင်ထားသော ဈေးနှုန်းစာရင်းနှင့် မေးခွန်းလွှာကို ဘိုင်ကျိုးဆီသို့ အီးမေးလ်တစ်စောင်တွင် ပေါင်းကာ ပို့လိုက်သည်။
ဘိုင်ကျိုးသည် ဖုန်းမချရသေးတာကြောင့် သူ၏လက်ပ်တော့ထဲမှ နိုတီသံကို သူမပါကြားလိုက်ရပါသည်။
မိနစ်အနည်းငယ်ကြာတော့ သူက ဒေါသတကြီးဖြင့် "တစ်နာရီကို ယွမ်တစ်သိန်း? ဘဏ်ကိုပဲ ဓားပြတိုက်လိုက်ပါတော့လား။ မင်းကိုယ်မင်း အဲ့လောက်စျေးနဲ့ တန်တယ်လို့ ထင်နေတာလား။"
ကျီဖန်ယင်းသည် ခဏလောက်စဉ်းစားပြီး နောက်ထပ်အကျိုးခံစားခွင့်များကို ကမ်းလှမ်းလိုက်သည်၊ "မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ ၁၀% လျှော့ပေးပါ့မယ်။"
"မလိုဘူး။" ဘိုင်ကျိုးက သူ့အဆုတ်ထိပ်မှာ အော်ဟစ်လုမတတ်။ "ဒါက မမရဲ့တန်ဖိုးကို လျှော့လိုက်တာပဲမဟုတ်ဘူးလား"
ကျီဖန်ယင်းသည် မျက်ခုံးပင့်လိုက်ပြီး "ဟုတ်ပြီလေ။"
ဘိုင်ကျိုးက ခဏလောက် တွန့်ဆုတ်ပြီးနောက် "စုန်ရှီးယွီ ပြီးရင် တခြားဘယ်သူတွေ မင်းကိုငှားသေးလဲ။"
"ဒါငါ့ရဲ့တခြားဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်ကို ချိုးဖောက်သလိုဖြစ်လိမ့်မယ်။ မင်းလည်း ကိုယ့်အကြောင်းကို သူမတွေကို မသိချင်စေချင်ဘူးမလား။" လို့ ကျီဖန်ယင်းက ပြောလိုက်သည်၊ "ဒီနေ့ချိန်းချင်တာလား။"

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Художественная прозаTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)