အခန်း၇၀

2K 255 2
                                    

သူမသည် တွေ့ကရာ ညအိပ်တစ်စုံကို ယူကာ စုန့်ရှီးယွီကို ကူဝတ်​ပေးခဲ့သည်။ သူမ အစားအစာတစ်ခုခုကိုယူရန် မီးဖိုချောင်သို့ သွားခါနီးတွင် သူက "ဘယ်သွားမလို့လဲ" ဟု ရုတ်တရက် မေးသည်။

"နင်အပြင်မှာ စားပွဲပေါ်က ဆန်​ပြုတ်ကို ထိရုံပဲထိထားတာ​လေ။ ဗိုက်မဆာဘူးလား?" ကျီဖန်ယင်းက ပြန်​ဖြေသည်။

"မင်းကိုယ့်အတွက် ချက်ပေးမှာလား"

ကျီဖန်ယင်းသည် ခဏလောက်စဥ်းစားပြီးနောက် အဖြေပြန်ပေးလိုက်သည်။

ကျီရှင်းရှင်းသည် တခါတရံတွင် ဟင်းချက်​လေ့ရှိသော်လည်း ကောင်းကောင်မချက်တတ်ပေ၊ ဒါ့ကြောင့် သူ့တောင်းဆိုမှုကို လက်ခံလို့ရလောက်ပါတယ်

လာကြည့်တယ် → စိုးရိမ်ပေးတယ် → ဟင်းချက်ပေးတယ် ဒါက 'အသိကို ပြုစု' ပေးတာပဲ မဟုတ်ဘူးလား။

"ဟုတ်တယ်လေ။ ငါ့ဟင်းချက်စကေးကို မယုံဘူးလား" ကျီဖန်ယင်းက မေးသည်။

"... မယုံဘူး။" စုန့်ရှီးယွီက ခဏလောက်တိတ်သွားပြီးနောက် "ဟင်းချက်ပြီးသွားရင် မင်းပြန်လာမှာလား" လို့ နေရခက်စွာမေးလိုက်သည်။

"ဒါပေါ့" ကျီဖန်ယင်း လိမ်ညာလိုက်သည်။

ထိုစကားကြောင့် စုန့်ရှီးယွီသည် စိတ်သက်သာရာရစွာ အိပ်ရာသို့ ပြန်သွားခဲ့သည်။

ကျီဖန်ယင်းသည် ကြက်ဥဆန်ပြုတ်ကိုချက်ရန် လုံလောက်သော ပါဝင်ပစ္စည်းများကို မီးဖိုချောင်ဆီတွင် လိုက်ရှာခဲ့ရသည်။ လျှပ်စစ်မီးဖို​ပေါ်မှ ဆန်ပြုတ်​၏ရနံ့များ ပျံ့လွင့်လာချိန်တွင် စုန့်ရှီးယွီအတွက် ဝန်ဆောင်မှုအချိန်သည် ကုန်လုနီးပါးရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် သူသည် ဆေးအစွမ်းကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကျီဖန်ယင်းသည် ဆန်ပြုတ် အေးမသွားစေရန်အတွက် လျှပ်စစ်မီးဖိုကို 'အပူပေး' မုဒ်သို့ ပြောင်းလိုက်သည်။ သူမ နာရီကို တစ်ချက်​ပြန်ကြည့်လိုက်တော့ နောက်ထပ်တစ်မိနစ်သာကျန်တော့တာကို တွေ့လိုက်ရသည်။ သူမသည် ဤအချိန်ကို အသုံးပြုကာ သူ့အိပ်ခန်းထဲသို့ဝင်ကာ နောက်တစ်ကြိမ် ​ဆေးထပ်မှားမ​သောက်စေရန် ဆေးများကို တင်ထားပေးခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now