အခန်း၁၆

3.1K 340 1
                                        

စုန့်ရှီးယွီ၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာပြီး စားပွဲပေါ်တင်ထားသော ကျီဖန်ယင်း၏လက်ကို လှမ်းကိုင်ရန်လုပ်လိုက်သည်။ ဒါပေမယ့် ကျီဖန်ယင်းက သူ့ထက်ပိုမြန်ကာ သူမလက်ကို မြှောက်ပြီး သူ့ဆံပင်များကို ပွတ်သပ်လိုက်သည် "ရှီးယွီ၊ နင်ကငါ့အတွက် အရေးကြီးတဲ့လူပဲ။ ငါနင့်ကို မဆုံးရှုံးချင်ဘူး။"

စုန့်ရှီးယွီသည် နာခံစွာ ခေါင်းငုံ့ပြီး "...အဲ့လိုဖြစ်လာမှာမဟုတ်ပါဘူး"ဟု ပြန်ဖြေသည်။

ကျီဖန်ယင်းသည် သူမ၏ချိုမြသော အပြုံးကိုထိန်းသိမ်းထားပြီး သူ့ဆံပင်ကို အနည်းငယ်ဖွနေသည်။ သူမ၏ လှုပ်ရှားမှုများသည် ပေါ့ပါးလွန်းနေပြီး တိမ်ကိုထိနေသလိုပင်။ သူမသည် သူ၏ ဦးရေပြားကို မထိဘဲ လက်ကိုပြန်ဆုတ်သွားသည်။

ဒါပေမယ့် စုန့်ရှီးယွီကတော့ သူမရဲ့ လှုပ်ရှားမှုများကို လုံးဝ သတိမထားမိခဲ့ပါဘူး။ အဲဒီအစား သူက ခေါင်းကို မော့ပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ သူမကိုကြည့်နေသည်။

ဒါပြီးသွားတော့ ကျီဖန်ယင်းသည် သူမဖောက်သည်ရဲ့ တောင်းဆိုချက်ကို ပြီးမြောက်အောင် လုပ်​​ပြီးသွား​ပြီလို့ ပြောလို့ရပါသည်။ သူမပေးလိုက်သည့် ကျေနပ်စရာ​ကောင်း​လောက်သော ဝန်ဆောင်မှုကြောင့်၊ ဖောက်သည်သည် အချိန်သိပ်မကြာခင်မှာဘဲ နောက်ထပ်ချိန်းလာသင့်သည်။

အမှန်တော့၊ စိတ်ကူးထဲတွင် ကြာ​ကြာနေတတ်သူတစ်ဦးသည် လက်တွေ့ဘဝသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပေ။

ချောကလက်တွေ ​တောင့်ခဲသွားသည်နှင့် ကျီဖန်ယင်းသည် လက်ဆောင်သေတ္တာထဲတွင် ထုပ်ပိုးကာ ဖဲကြိုးဖြင့်ချည်နှောင်လိုက်သည်။ ထို့နောက် စုန့်ရှီးယွီ၏ မျှော်လင့်နေသော မျက်လုံးများရှေ့တွင် သူမသည် ချောကလက်ကို သူ့လက်ထဲသို့ ပေးလိုက်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ"ဟု လေးနက်စွာ ပြောလိုက်သည်။ "အခုက​နေစပြီး နင်မွေးနေ့တိုင်း ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ပါတယ်"

နောက်နှစ်ကျရင် အိမ်ပြန်ဖို့ ငွေပြည့်ဦးပါ့မလား။ သူ့ကို ရေရှည်ဖောက်သည်အဖြစ် ပြောင်းဖို့ စဉ်းစားကြည့်ရမယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now