အခန်း၇၁

2.2K 279 5
                                    

ကျီဖန်ယင်း ဒီနေ့တွေ့ဆုံသောဧည့်သည်,သည် လူအသစ်ဖြစ်သည်။ သူမ၏ပုံမှန်အစားထိုးအလုပ်မှ ဖောက်သည်များမဟုတ်ဘဲ မကြာသေးမီက ရုပ်ရှင်လုပ်ငန်းထဲမှ သူမ၏အဆက်အသွယ်များထဲမှဖြစ်သည်။

သူမ ကူးပြောင်းလာ​သော ဤကမ္ဘာသစ်သည် သူမ၏အရင်ကမ္ဘာနဲ့ မတူညီတဲ့ ရုပ်ရှင်ဓလေ့ထုံးတမ်းများရှိခဲ့ပေမယ့် သူမ၏ နက်နဲတဲ့ ရုပ်ရှင်ဗဟုသုတများကြောင့် နားလည်နိုင်သေးသည်။

သူမ၏အရင်သုံးသပ်ချက်သည် ပျံ့နှံသွားသောအခါတွင်၊ သူမတို့ရဲပူးပေါင်းဆောင်ရွက်မှုသည် ဤမျှနာမည်ကြီးသွားလိမ့်မည်ဟု မထင်ထားသော ကျန်းနင်ဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါသည်။

အဲဒီနေ့မှာပဲ ကျန်းနင်သည် သူမကိုတွေ့ဖို့ပြောကာ သူတို့နှင့်ရေရှည်စာချုပ်ချုပ်ဖို့ ဆွဲဆောင်ခဲ့ပေမယ့် ကျီဖန်ယင်းက စဉ်းစားပြီးနောက် ထိုကမ်းလှမ်းမှုကို ငြင်းခံပါသည်။

သူမသည် အလုပ်နှစ်ခုကို ဟန်ချက်ညီအောင်ထိန်းရန် ခက်ခဲမည်ဟု ထင်ခဲ့သလို အလွတ်တမ်းသုံးသပ်ချက်ရေးသူသည် ပို၍လွတ်လပ်မည်ဟုတွေးခဲ့သည်။ သူမသည် ဘယ်ရုပ်ရှင်ကိုမဆို ကြည့်ရှုနိုင်ပြီး သုံးသပ်ချက်ကို ကြိုက်သလို ရေးသားနိုင်သည်။

သူမ အကြောင်းအရာကို ​သေချာရွေးချယ်သရွေ့၊ သူမသည် စာချုပ် ချုပ်,ချုပ်၊ မချုပ်ချုပ် ထိုမှတစ်ဆင့် စိတ်ခံစားချက်ရမှတ်များ ရရှိ​နေဦးမ​ည်ဖြစ်သည်။

ကျန်းနင်နှင့် စာချုပ်ချုပ်လိုက်ခြင်းသည် သူမအား ရုပ်ရှင်ကြည့်ပွဲသို့ ဖိတ်ခေါ်ခြင်းကဲ့သို့သော အရင်းအမြစ်များစွာကို ရရှိနိုင်စေမည်ဖြစ်သော်လည်း ဒါက ကောင်းတာကလွဲ၍ ဘာမှလုပ်လို့မရပေ။ နောက်ဆုံးတွင်၊ ဒါတွေသည် သုံးသပ်ချက်၏ အရည်အသွေးကို ပြုတ်ကျစေမည်ဖြစ်သည်။

သူမသည် ​ကြည့်လို့သိပ်မကောင်းသောရုပ်ရှင်များကို သုံးသပ်ချက်ရေးပေးခဲ့သည့်သူများကို သူမတွေ့ဖူးသည်၊ သူတိုရေးသော သုံးသပ်ချက်သည် တခါတလေ ပျံ့နှံ့သွားနိုင်ပြီး ရုပ်ရှင်ထက် ပိုစိတ်ဝင်စားဖွယ်ကောင်းနေတတ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now