အခန်း၁၇

2.8K 317 0
                                    

ကျီမိသားစုစံအိမ်သည် သူမနောက်တည့်တည့်တွင်ရှိနေသော်လည်း ကျီဖန်ယင်းသည် လုံးဝ ဝင်သွားမည်မဟုတ်ပေ။ သူမ၏ တိုက်ခန်းသို့ ပြန်သွားဖို့ ကားငှားသည့် အက်ပ်ကိုနှိပ်လိုက်ချိန် အနောက်မှ ဟွန်းသံကို ရုတ်တရက်ကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ ဘိုင်ကျိုးက ဆိုင်ကယ်တစ်စီးပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

အရာအားလုံးကို အစကနေ အဆုံးထိ မြင်ခဲ့ရတာ သိသာပါသည်။

"ငါ့ညီမလေးကိုလာရှာတာဆိုရင် မင်းနေရာမှားနေပြီ" ကျီဖန်ယင်းက သူ့ကိုစေတနာဖြင့် သတိပေးလိုက်သည်။

သို့သော် ဘိုင်ကျိုးသည် သူမအား ခေါင်းစဉ်ပြောင်းရန် ခွင့်မပြုခဲ့ပေ။  “မင်း သူ့ပုံစံဟန်ဆောင်ပြီး နာမည်ပျက်မယ့်ကိစ္စတွေ လုပ်နေတာလား” ဟု မေးရင်း သူ့မျက်နှာသည် လေးနက်စွာ မျက်မှောင်ကြုတ်သွားပါသည်။

အမ်? သူက တော်​တော်​လေး စိတ်ကူးယဉ်တတ်တာပဲ။

ကျီဖန်ယင်းက သူမရဲ့ ရှည်လျားတဲ့ ဆံပင်ရှည်များကို ပခုံးနောက်တွင် အေးအေးဆေးဆေး သပ်လိုက်ရင်း "သူ့ရဲ့ နာမည်ကို ပျက်အောင်လုပ်နေတယ်ဆိုတာ ဘာကိုပြောတာလဲ။ ငါ မနက်က မင်းကို ပြောလိုက်တယ်ဟုတ်ဘူးလား။ ငါ့အလုပ်လုပ်နေတယ်လို့။"

"ကားပေါ်ကတစ်ယောက်က ယောကျ်ားလေးမလား"

ဘိုင်ကျိုးသည် ခြေလှမ်းကျဲများဖြင့် ကျီဖန်ယင်းဆီသို့ လျှောက်လာခဲ့သည်။

"မင်းတခြားယောက်ျားတွေကို လိမ်ဖို့ ကျီရှင်းရှင်းရဲ့နာမည်ကို သုံးနေတာလားလို့ မေးနေတာ။ အရင်က မင်းမျက်နှာကိုလူမြင်ကွင်းမှာ တစ်ခါမှမပြဖူးဘူး၊ ဒီလိုပုံစံမျိုးလည်း မဝတ်ဖူးတာကို သူထွက်သွားတာနဲ့ တခါတည်း သူ့စတိုင်လ်ကို လိုက်အတုခိုးတော့တာပဲ။ ဒါက သူ့လိုဟန်ဆောင်ပြီး တခြားသူတွေကို လိမ်နေတာ မဟုတ်လို့ဘာလဲ။  သူပြန်လာတာနဲ့ သူ့ကိုအရှက်ခွဲဖို့ ရည်ရွယ်ထားတာမလား။”

ကျီဖန်ယင်းသည် သူ့စကားတွေကို နားလည်အောင် ခဏလောက်အချိန်ယူလိုက်ရပြီးနောက် "နင်အခုတလော ဒရမ်မာတွေအရမ်းကြည့်လွန်းနေတာမဟုတ်ဘူးလား" လို့ စပ်စုစွာ မေးလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now