အခန်း၇၆

1.7K 229 1
                                    

ကျီဖန်ယင်းသည် ဤအလှည့်အပြောင်းကြောင့် ဝမ်းသာသွားသည်။

ဘိုင်ကျိုးသာ ကျီရှင်းရှင်နဲ့ဂိမ်းသွား​ဆော့ရင် ငါ အခု အလုပ်လုပ်စရာမလိုတော့ဘူးမလား။

ဘိုင်ကျိုးနဲ့ ကျီရှင်းရှင်းရဲ့ စကားဝိုင်းကို သူမ အာရုံစိုက်နားထောင်ပြီး ဘိုင်ကျိုးသည် နှုတ်ဆက်စကားကလွဲလို့ ​နောက်ထပ်စကားထပ်မပြောခဲ့ပေ။ သူသည် တစ်ဖက်လူ၏ စကားကိုသာ တိတ်ဆိတ်စွာ နားထောင်နေပြီး ရံဖန်ရံခါတွင် 'အင်း' 'အဲ'ဟူ၍သာ တုံ့ပြန်တတ်သည်။

ကျီဖန်ယင်းသည် ခေါင်းမော့ကာ စေ့စေ့ကြည့်လိုက်သည်။

သူတို့ နှစ်ယောက် ရန်ဖြစ်ထားတာများလား။ ဘိုင်ကျိုးသည် ဘယ်လောက်ပဲစိတ်အခြေအနေမကောင်းဖြစ်နေပါစေ ကျီရှင်းရှင်း ဖုန်းဆက်​လာတိုင်း သူ့စိတ်သည် အလျင်​အမြန်​တတ်​ကြွလာတတ်​သည်​။

ဒါက အဓိပ္ပာယ်မရှိဘူးဖြစ်နေတယ်။ ငါတစ်ခုခုလွတ်သွားတာလား။

ကျီဖန်ယင်း တွေးနေတုန်းမှာပဲ ဖုန်းကပြောပြီးသွားပြီးဖြစ်သည်။ သူသည် ဖုန်းကို ခဏလောက် ကြည့်နေပြီးနောက် ဖုန်းကိုကစားနေသည်။

ကျီဖန်ယင်းက သူမကို 'လာစရာ မလိုတော့ဘူး' လို့ ဖုန်းဆက်ပြောလာရန် စောင့်နေခဲ့ပါသည်။ ဒါပေမဲ့ ဘိုင်ကျိုးက ဖုန်းကိုပိတ်ကာ အိတ်ကပ်ထဲ ထည့်လိုက်တာကြောင့် သူမစိတ်ပျက်သွားသည်။

ဘိုင်ကျိုး : "…" ငါအရမ်း အကောင်းမြင်လွန်းသွားတာပဲ။

သူမသည် ထောင့်နေရာမှ ​ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် ဘိုင်ကျိုးဆီသို့ ပုံမှန်အတိုင်း လျှောက်သွားလိုက်သည်။ သူ့ရှေ့မှာ ရပ်ပြီး "စိတ်အခြေအနေမကောင်းဘူးလား" လို့ မေးလိုက်သည်။

ဘိုင်ကျိုးက ခြေလှမ်းအနည်းငယ်ကွာဝေးနေသော ကြည့်ရန် ခေါင်းကို ​မော့လိုက်ပြီး အနည်းငယ် အသိမဝင်ဖြစ်နေပုံပင်။

ထိုအမေးကိုကြားတော့ ခေါင်း​ပြန်ငုံ့ကာ " … ကျွန်တော်မမနဲ့ပြောစရာရှိတယ်။"

"ဒီမှာလား။" ကျီဖန်ယင်းသည် လက်နှစ်ဖက်ကို နောက်ကျောနောက်တွင် ပစ်ထားပြီး "မင်းဆေးလိပ်သောက်ရင်း ပြောချင်လည်း ပြောလို့ရတယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now