အခန်း၁၁၂

1.6K 202 1
                                    

ဂရိနိုင်ငံရှိ တစ်ပတ်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ဆန်တိုရီနီမှ ထွက်ခွာစဉ် ကျီဖန်ယင်းသည် ဒီ​နေရာမှ လှပသောကမ်းခြေများကို လွမ်းဆွတ်နေလိမ့်မည်ဟု ခံစားမိသည်။

ငွေကိုရောပေါ့။

လေယာဉ်ပေါ်တက်ပြီး မကြာခင်မှာပဲ ကျီဖန်ယင်း ကြိုတင်မှတ်ထားခဲ့သော နှိုးစက်သည် အသံမြည်လာပါသည်။

အသီးစားနေသော ဘိုင်ကျိုးက သူမကို တစ်ချက်ကြည့်ပြီး "ဘယ်သူဖုန်းခေါ်တာလဲ" ဟု မေးသည်။

ကျီဖန်ယင်းက သူမဖုန်းမှ နှိုးစက်သံကိုပိတ်လိုက်ပြီး သူ့ကို ကြင်နာစွာ ရှင်းပြသည် "အချိန်ကုန်သွားလို့ နှိုးစက်မြည်လာတာ။ ဟိုနဲ့ အချိန်ကွာတာကို မေ့မနေနဲ့ဦး။"

ဘိုင်ကျိုး: "..."

ဘိုင်ကျိုးဟာ သရုပ်ဆောင်မနေသော ကျီဖန်ယင်းနှင့် တစ်နေရာတည်း ဒီလောက် အချိန်အကြာကြီးအတူရှိနေသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။ ကျီဖန်ယင်းက အလုပ်ပြီးသွားတာနဲ့ လုံးဝကို မတူကွဲ​ပြားသွားတာကို တွေ့တော့ သူ အတော်လေး အံ့ဩသွားပါသည်။

မျက်နှာ၊ အဝတ်အစား၊ ဆံပင်ပုံစံ အကုန်တူ​နေသော်လည်း၊ သူမမျက်နှာအမူအရာနှင့် အပြုအမူများမှာ လုံးဝကွဲပြားသွားသည်။

ဘိုင်ကျိုးသည် အနုပညာစတူဒီယိုတွင် သူမကို ပန်းချီဆွဲနေခဲ့စဉ်က ကျီဖန်ယင်း၏ မျက်နှာအသွင်အပြင်ကို ဂရုတစိုက်ကြည့်ရှုခဲ့ဖူးသည်။ သူမသည် စာအုပ်တစ်အုပ်ကိုကိုင်ကာ ငြိမ်သက်စွာထိုင်နေခဲ့စဉ်က သူမ၏မတ်နေသောထိုင်ပုံထိုင်နည်းကြောင့်လားမသိ၊ ခေါင်းကို အနည်းငယ်ငုံ့ထားသောကြောင့်လားမသိသော်လည်း နူးညံ့သိမ်​မွေ့ကာ အိန္ဒြေရှိသော ပုံရိပ်ကို ပေးစွမ်းပါသည်။

... သို့သော် လက်ရှိ ကျီဖန်ယင်း ဆိုဖာပေါ်တွင် ထိုင်ပြီး မဂ္ဂဇင်းတစ်စောင်ကို ​ကြည့်နေပုံမှာ သြဇာရှိပြီး လွှမ်းမိုးနိုင်သော လေထုကိုပေးစွမ်းပါသည်။ သူမသည် လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားပုံမှစ၍ လက်ချောင်းများဖြင့် မဂ္ဂဇင်းကို ပေါ့ပေါ့ပါးပါး လှန်လိုက်ပုံအထိ ဘယ်သူမှလက်လှမ်းမမှီနိုင်သော မာနကြီးသည့် ဘုရင်မတစ်ပါးကဲ့သို့ ခံစားရသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now