နောက်တစ်နေ့သည် စုန့်ရှီးယွီ၏မွေးနေ့ဖြစ်သည်။ ကျီဖန်ယင်း စောစောထပြီး စကင်းကိုအပြည့်ကဲလိုက်ကာ မိတ်ကပ်နှင့် ဆံပင်ကိုပြင်ပြီး မနေ့ညက စုန့်ရှီးယွီ ပို့ပေးခဲ့သည့် ဂါဝန်ကိုဝတ်လိုက်သည်။
အိမ်မှ မထွက်မီ ကိုယ်လုံးပေါ်မှန်ပေါ်မှ ရောင်ပြန်ဟပ်နေသော ချိုမြိန်စွာလှပနေသည့် အမျိုးသမီးကို ကြည့်ကာ ပြုံးလိုက်သည်။
ကျီရှင်းရှင်း ဟန်ဆောင်ထားတဲ့ ပုံစံကို ငါကလည်းလိုက်ပြီးတုနေတာဆိုတော့ အခြေအနေက တော်တော်လေးကို ဗရမ်းဗတာပဲ။ ငါတို့နှစ်ယောက်လုံးက လူတစ်ယောက်တည်းကို ဝိုင်းလိမ်နေကြတယ်။ ရယ်စရာကောင်းပေမယ့် စိတ်ဝင်စားဖို့လည်းကောင်းတယ်။
စုန့်ရှီးယွီနဲ့ သူမ ချိန်းထားတဲ့နေရာကို တက္ကစီနှင့်သွားလိုက်ပြီး သူ၏တောင်းဆိုချက်များကို သေချာပြန်ကြည့်နေလိုက်သည်။
သူ့တောင်းဆိုချက်တွေက မခက်ခဲပေမယ့် လွယ်လည်းမလွယ်ကူပေ။
ရိုးရိုးရှင်းရှင်းပြောရလျှင် စုန့်ရှီးယွီနှင့် ကျီရှင်းရှင်းကြားတွင် အငြင်းအခုံတစ်ခုဖြစ်ခဲ့သည်။
ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ကျီရှင်းရှင်းလို 'ပင်လယ်ဘုရင်'က ဒီလောက် သေးတဲ့အမှားကို လုပ်မှာမဟုတ်ပေ။ တစ်နည်းဆိုရလျှင် သူမသည် စုန့်ရှီးယွီကို ရည်ရွယ်ချက်ရှိရှိ စိတ်အနှောင့်အယှက်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျီဖန်ယင်းအတွက်တော့ ဒါက မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ စုန့်ရှီးယွီ စိတ်မပျော်တဲ့အခါတိုင်း သူ့စိတ်ခံစားချက်ကို မြှင့်တင်ဖို့ သူ့ပိုက်ဆံတွေကို ဖြုန်းပစ်တတ်တယ်လေ။
တက္ကစီသည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ကျီဖန်ယင်း ကားပေါ်မှ ဆင်းကာ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ မနက် ၉ နာရီထိုးရန် ဆယ်မိနစ်လိုသေးသည်။ ထို့ကြောင့် သူမသည် ကော်ဖီနှစ်ခွက်ဝယ်ရန် အနီးနားရှိ Starbucksဆိုင်ဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားခဲ့ပြီး စုန့်ရှီးယွီ၏အကြိုက်ကို အခြေခံပြီး ကော်ဖီတစ်ခွက် ရွေးကာ ဝယ်လိုက်သည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Ficción GeneralTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)