အခန်း၃

4K 378 1
                                    

သူမသည် စုန့်ရှီးယွီထံမှ ယွမ်တစ်သိန်း အလကားရခဲ့သော်လည်း ကျီဖန်ယင်းသည် နာမည်ကြီးဘရန်းတံဆိပ်တွေအတွက် သူမ၏ပိုက်ဆံများကို အဆမတန် ဖြုန်းတီးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။  သူမသည် အနီးဆုံးစျေးဝယ်စင်တာသို့ တက္ကစီစီးကာ သွားပြီး Uniqloဆိုသည့်ဆိုင်ထဲ​သို့ ဝင်ခဲ့သည်။  သူမသည် လျှော့စျေးချနေသည့် ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် ဒေါက်မြင့်ဖိနပ်တစ်စုံကို ကောက်ကိုင်လိုက်ပြီး ငွေရှင်းကောင်တာထံ တည့်တည့်သွားခဲ့သည်။  အကုန်ခြုံပြောရရင် အချိန်ဆယ်မိနစ်အောက်သာ ကြာ​မြင့်ခဲ့ပြီး စုစုပေါင်း ယွမ်၃၀၀တောင် မသုံးစွဲခဲ့ပါဘူး။

ဆိုင်ထဲ​မှ မထွက်မီ သူမသည် မှန်တစ်ချပ်ဆီသို့ ​လျှောက်သွားပြီး သူမ၏ မျက်နှာအသစ်ကို အနီးကပ်ကြည့်လိုက်သည်။

ဘဲဥပုံပုံစံ မျက်နှာ၊ ဖီးနစ်ပုံသဏ္ဍာန်မျက်လုံး၊ ​မြင့်သော နှာတံ၊ ထူထပ်သော မျက်ခုံးမွှေး၊ ကျီဖန်ယင်းသည် ရုပ်ရည်မဆိုးသည်မှာတော့ သေချာပါသည်။

သို့သော် လူတစ်ဦး၏ စိတ်နေစိတ်ထားသည် အသွင်အပြင်ကို ထိခိုက်​စေနိုင်သည်။ ကျီဖန်ယင်းသည် လူစိမ်းများကို အလွန်ကြောက်တတ်ပြီး လူရှေ့သူရှေ့တွင် မနေတတ်တာကြောင့် သူမ၏အသွင်အပြင်ကိုပြောင်းလဲသွားစေသည်။ သူမ၏မျက်နှာကို ဖုံးကွယ်ထားတတ်ပြီး သူမ၏ညီမ ကျီရှင်းရှင်းနှင့် အစွန်းနှစ်ဖက်ကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ထို့အတွက်ကြောင့် လူအများစုက ကျီရှင်းရှင်းကို ကျီဖန်ယင်းထက် ပိုနှစ်သက်ကြသည်။

ကျီဖန်ယင်းသည် အနည်းငယ် စိုစွတ်နေသေးသော ဆံပင်များကို ဆွဲယူလိုက်ပြီး ပေါ့ပေါ့ပါးပါး မြင်းမြီးပုံစံ စည်းလိုက်သည်။  ထို့နောက် သူမသည် ကုန်တိုက်တစ်ခုသို့သွားကာ အလှကုန်ဆိုင်တစ်ခုမှ လက်ရှိရေပန်းစားနေသည့် နှုတ်ခမ်းနီအရောင်ကို ရွေးချယ်လိုက်သည်။

သူမသည် ထိုနေရာရှိ မှန်အ​သေးတစ်ချပ်ဆီသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ကာ နှုတ်ခမ်းနီကို စတင်ဆိုးလိုက်သည်။  သူမ၏နှုတ်ခမ်းများသည် အစပိုင်းတွင် အေးစက်နေသောရေများကြောင့် အနည်းငယ်ဖျော့​နေခဲ့သော်လည်း ချယ်ရီခရမ်းချဉ်သီးအရောင်နှုတ်ခမ်းနီကို ဆိုးပြီးနောက် သူမ၏မျက်နှာပေါ်သို့ အရောင်အချို့ ပြန်လည်ရောက်လာခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now