အခန်း၁၅၅

1K 130 0
                                    

စားသောက်ဆိုင်ကို နှစ်ထပ်လုံး ရှာဖွေရသည့် ဘိုင်ကျိုးက သူ့ဒေါသကို ငြိမ်း​အေးစေရန် အသက်ပြင်းပြင်းရှူလိုက်ပြီး "ချိန်းတွေ့တယ်ပေါ့။ ဒါဆို...'

သူ့စကားတစ်ဝက်တစ်ပျက်တွင် ခဏရပ်လိုက်ပြီးမှ "ဒါဆို ငါတို့အတူတူကုန်ဆုံးခဲ့တဲ့အချိန်တွေကရော"

စုန့်ရှီးယွီသည် ဘိုင်ကျိုး၏ ပုခုံးများကို စိတ်မကျေမနပ်ဖြစ်စွာ ဆုပ်ကိုင်လိုက်သည်။ "ဒီအချိန်​ပြောချင်တာလား။ ဒီမှာ လူတွေဒီလောက်များနေတာကို မတွေ့ဘူးလား။"

ဘိုင်ကျိုးသည် စုန့်ရှီးယွီ၏လက်များကို ဖယ်ပစ်ကာ ဒေါသတကြီးဖြင့် "စုန့်ရှီးယွီ မင်းကအရူးလား။ သူဗိုက်နာနေတယ်ဆိုတာ မသိဘူးလား"

စုန့်ရှီးယွီသည် မျက်မှောင်ကြုတ်ကာ ကျီဖန်ယင်းကို အမြန်လှည့်ကြည့်သည် "နေမကောင်းဘူးလား။"

ကျီဖန်ယင်းသည် ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစွာ ခေါင်းခါလိုက်သည်။  "ဟင့်အင်း၊ ဘာမှမဖြစ်နေပါဘူး။"

ဘိုင်ကျိုးက သူမရဲ့တုံ့ပြန်မှုကို ကြားတော့ ဒေါသထွက်သွားသည်။

ဘာလို့ဒီလောက်ထိ​တောင် လုပ်နေတာလဲ!  ပိုက်ဆံလား၊ ဒါမှမဟုတ် စုန့်ရှီးယွီကြောင့်လား။

သူမပုခုံးကိုဆွဲကိုင်ကာ ဒေါသတကြီး​အော်မေးချင်ပေမယ့် ထိုစကားများက သူ့လည်ချောင်းထဲတွင် တစ်​နေသည်။ ဘယ်​လောက်ဘဲကြိုးစားပါစေ ထုတ်မပြောနိုင်ခဲ့အေ။

ဒီအခိုက်အတန့်တွင် သူဘာကြောင့် ဒီထိတ်လန့်မှု၊ ဒေါသနှင့် နာကျင်မှုများကို ခံစား​နေရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ကျီဖန်ယင်းက ဒီတိုင်း သူ့ကို အရမ်းကောင်းကောင်းဆက်ဆံလို့ပါ။

ဒါတွေအားလုံးက သရုပ်ဆောင်တာဆိုရင်တောင်မှ သူမပေးခဲ့သော ဂရုစိုက်မှုများနှင့်စိုးရိမ်ပူပန်များသည် အပြစ်ရှာ၍မရလောက်အောင်ပင် ကောင်းမွန်နေလွန်းခဲ့သည်။

သူ၏စိတ်ထဲတွင် ကျီရှင်းရှင်းအပေါ် သူကြွေကျခဲ့ရသည့်အကြောင်းရင်းမှာ သူမ ဖော်ပြခဲ့သော စိတ်ရှည်မှု၊ နွေးထွေးမှုနှင့် ဂရုစိုက်မှုတို့ကြောင့်ဖြစ်ကြောင်းကို သူသိပါသည်။ ကျီဖန်ယင်း ရောက်မလာခင်အထိ သူ့ကို ဒီလိုပုံစံနဲ့ ဘယ်သူမှ မဆက်ဆံခဲ့ဖူးပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now