အခန်း၁၃၂

1.2K 162 7
                                    

"...အဲ့တော့ သူရှင့်ကို ဘာကတိမှမပေးခဲ့ဘူးလို့ ပြောနေတာပေါ့၊ ရှင်စိတ်ပျော့မိသွားပြီး သူ့ကို အေးစက်စက်မဆက်ဆံတော့ဘူးလို့ သဘောတူလိုက်တယ်။" ကျီဖန်ယင်းသည် လီ​ရှောက်ရှင်းထံမှ သူမကြားခဲ့ရသမျှကို အကျဉ်းချုပ်ပြောပြရင်း ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီနေသည်။ "အဲ့လိုဟုတ်လား"

လီ​ရှောက်ရှင်းက ဘာမှပြန်မပြောပေ။

ကျီဖန်ယင်းက လီ​ရှောက်ရှင်းကို 'မကယ်နိုင်တော့ဘူး၊ နှုတ်ဆက်ပါတယ်'ဟူသော အီမိုဂျီကို လီရှောက်ရှင်းကို ပို့ဖို့လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမဟာ ဖောက်သည်ကို မဆုံးရှုံးချင်ပေ။

သက်ပြင်းတစ်ချက်ချရင်း စားပွဲပေါ်တင်ထားသော အသီးပန်းကန်ထဲမှ စတော်ဘယ်ရီတစ်လုံးကို ယူကာ "ထားလိုက်တော့၊ ဒါလည်း အဆင်ပြေပါတယ်။ လောလောဆယ် ပြဿနာ ပြေလည်သွားပြီလို့ သူ့ကိုထင်ခိုင်းလိုက်ပါ။ တစ်ခြားဘက်ကတွေးရင် သူကရှင်နောင်ကျ အသုံးပြုလို့ရမဲ့လမ်းတစ်ခုကို ချန်ထားခဲ့တယ်။ အခုအချိန်ကစပြီး၊ သူ့စိတ်ပူလာအောင်လုပ်ဖို့ နောက်နည်းလမ်းတစ်ခုရှာရတော့မယ်၊ ရှင့်ကို သူထိန်းချုပ်လို့မရတော့ဘူးဆိုတာကို သိအောင်လုပ်ရမယ်။"

"ငါဘယ်လိုလုပ်ရမှာလဲ။" လီရှောက်ရှင်းသည် လိုရင်းကို တန်းမေးလိုက်သည်။

"ရှင့်ရဲ့ နောက်ခံက အရမ်းကောင်းတယ်ဆိုတော့ ရှင့်အိမ်က ဘလိုင်းဒိတ်တွေ တွေ့ခိုင်းတယ်မလား။" ကျီဖန်ယင်းသည် မေးထောက်ကာ "ဘလိုင်းဒိတ်ကို သွားတွေ့ရင်ရော။"

"...သူ့ကို လှုံဆော်ဖို့လား။"

"ဟုတ်တယ်၊ ဒါပေမယ့် အစီအစဉ်ရှိတယ်။" လို့ ကျီဖန်ယင်းက ပြန်ဖြေတယ်။ "အခုချက်ချင်း သွားတွေ့ရစရာမလိုဘူး။ လောလောဆယ် သူ့ရဲ့လှည့်ကွက်တွေက အလုပ်ဖြစ်သွားတယ်လို့ တွေးပါစေ။"

"ဒါဆို ပုံမှန်အတိုင်းနေရမှာလား။"

"ဟုတ်တယ်။ ရှင်သူနဲ့ ပုံမှန်လိုပဲ ဆက်ဆံလို့ရတယ်။" လို့ ကျီဖန်ယင်းက ပြုံးကာ "သူက ရှင့်အကြောင်းတွေးလိုကိတိုင်း စဉ်းစားပေးမယ်ဆိုတဲ့အကြောင်း ပြောခဲ့တာကို သတိရနေလိမ့်မယ်။ အချိန်အတော်ကြာအောင် စိတ်အနှောင့်အယှက်ဖြစ်နေလောက်တယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now