အခန်း၁၉၃

904 102 0
                                    

မစ္စစ်ဘိုင်နှင့် ကျီဖန်ယင်း၏ အပေးအယူတွင် အပိုင်းနှစ်ပိုင်းရှိသည်။

သူမ၏ အဓိကအလုပ်မှာ ဘိုင်ကျိုးကို အချစ်၏တန်ဖိုးအကြောင်းသင်ပေးနေမှာဖြစ်ပြီး အချိန်ပိုင်းအလုပ်ကဲ့သို့ အိမ်တွင်းစစ်ပွဲအတွင်း စပိုင်လည်းလုပ်ပေးရဦးမည်ဖြစ်သည်။

မစ္စစ်ဘိုင်သည် ကမ်းလှမ်းချက်အတွက် အလွန်ရက်ရောပါသည်။ မယားငယ်ဆီက တိုက်ခန်းကို ကျီဖန်ယင်းကို ယူရန် ခွင့်ပြုထားရုံတင်မကဘဲ 'သူပေးသလောက် ကျွန်မလည်း မင်းကိုပေးမယ်' ဟုလည်း ကြီးကျယ်ခမ်းနားစွာ ပြောခဲ့ပါသည်။

ဆိုလိုသည်မှာ ဘိုင်ကျိုးမှရရှိသော ငွေများအားလုံးသည် သုံးဆတိုးလာမည်ဟု၍ပင်။

ထိုအချိန်က ကျီဖန်ယင်းသည် ယဉ်ယဉ်ကျေးကျေး ငြင်းဆိုရန် စဉ်းစားခဲ့သော်လည်း မစ္စစ်ဘိုင်၏ ခမ်းနားသော 'ဒီ​လောက်ငွေလေးများ' ဟူသော သဘောထားက သူမအား တားမြစ်သွးခဲ့သည်။ မစ္စစ်ဘိုင်လို စီးပွားရေးလုပ်ငန်းရှင်​ကြီးတစ်ဦးအတွက်၊ ဒီလောက်ငွေသည် အမှန်ပင် ထည့်ပြောစရာ​တောင်မလိုချေ။

ကျန်းနင်၏ အတင်းချမှုများပြီးဆုံးသွားချိန်တွင် ကျီဖန်ယင်းသည် ဆိုဖာပေါ်တွင် မှီကာ မဂ္ဂဇင်းတစ်စောင်ကို ကြည့်နေသည်ဖြစ်သည်။ သူမက အေးအေးဆေးဆေး ကျန်းနင်ကို အာမခံလိုက်သည်၊ "စိတ်မပူပါနဲ့၊ ငါကိုယ်ငါ မရောင်းခဲ့ပါဘူး။ ဒီတိုင်းစကားပြောခဲ့ရုံတင်။ အဲ့တုန်းက တော်တော်လေးစကားအပေါက်အလမ်းတည့်ခဲ့လို့ သူက ငါတို့ကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာ၊ ဒါက သတင်းကောင်းမဟုတ်ဘူးလား။"

"... ကျီဖန်ယင်း ကိုယ့်စကားကိုယ် ပြန်နားထောင်ကြည့်ပါဦး။" ကျန်းနင်က လှောင်ပြောင်ကာ "နင်တို့နှစ်ယောက် စကားအပေါက်အလမ်းတည့်နိုင်စရာ အကြောင်းမရှိတာကို အရင်ဖယ်ထားဦး၊ ဒီနေ့ သူနဲ့ ဘာလို့တွေ့ခဲ့တာလဲ။"

ကျီဖန်ယင်းက မေးခွန်းကိုစဉ်းစားကာ "ဒါက ကံကြမ္မာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လှည့်ကွက်ပဲ။" ဟု လျှို့ဝှက်စွာ ပြောခဲ့ပါသည်။

'အဲ့မယားငယ်က သစ္စာဖောက်ခံလိုက်ရတာကို မသိလောက်သေးဘူး' ကျီဖန်ယင်းသည် လက်ထဲရှိ မဂ္ဂဇင်းကို ပေါ့ပေါ့ပါးပါးလှန်ရင်း တွေးလိုက်မိသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now