အခန်း၁၇၃

1.1K 162 2
                                    

ဘိုင်ကျိုးက ကျီဖန်ယင်းကို လှည့်ကြည့်ပြီး "မင်းငါနဲ့ ကစားမယ်လို့ ကတိပေးထားတယ်လေ။"

ကျီဖန်ယင်းက စတော်ဘယ်ရီကိုမြိုချလိုက်ပြီးမှ သူ့မေးခွန်းကို ပေါ့ပေါ့ဆဆ ဖြေသည် "မင်းကိုကတိပေးလိုက်တဲ့လူက ငါမဟုတ်ဘူး၊ သူက ညနေမှ ပြန်ရောက်လာမှာ။"

သူမ ဖုန်းကို ကောက်ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူမသည် အပေါ်ထပ်ကို လက်မောင်းပေါ်တင်ကာ တိုက်ခန်းထဲက ထွက်သွားပါတော့တယ်။

"မင်းအခု​ အားနေတာ အရှင်းကြီးပဲ။" ဘိုင်ကျိုးက သူ့ဖုန်းစခရင်ကို ညွှန်ပြကာ "ငါ့ကိုလာလိမ်မနေနဲ့။"

"မင်းရဲ့ဘဏ်အကောင့်ထဲမှာလည်း ပိုက်ဆံရှိနေတာ အရှင်းကြီးပဲ။ ပိုက်ဆဲမရရင် ဘယ်သူက အလုပ်လာလုပ်ပါ့မလဲ။" ကျီဖန်ယင်းသည် logicဖြင့် ငြင်းဆန်လိုက်သည်။ "ပြီးတော့ ငါအခု အလုပ်ချိန်မဟုတ်ဘူး။ အဲ့တော့ မင်းငါ့ရဲ့ကိုယ်ရေးကိုယ်တာအချိန်တွေကို ဝင်စွက်ဖက်လို့မရဘူး။"

ဘိုင်ကျိုးက ခဏလောက်တိတ်ဆိတ်သွားပြီးနောက် "အဲဒါဆိုလည်း မင်းအခုဘာလုပ်မှာလဲ။" လို့ မေးလိုက်သည်။

ကျီဖန်ယင်းက ဖိနပ်ကို ဝတ်ပြီး "ရုပ်ရှင်သွားကြည့်မလို့။" ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။

"အော်၊ ဘယ်သူနဲ့လဲ။" ကျီဖန်ယင်းသည် ဘိုင်ကျိုးရဲ့မေးခွန်းကိုမဖြေဘဲ တံခါးကိုပိတ်ကာ ထွက်သွားတော့သည်။

ဘိုင်ကျိုး: "..."

သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာဘဲ သူသည် ဖုန်းကို ထုတ်ကာ ကျီဖန်ယင်း၏ ရုပ်ရှင်သုံးသပ်ချက်ရေးသော Weiboအကောင့်ကို ကြည့်ရှုခဲ့သည်။

သူတို့ ဂရိနိုင်ငံသွားတုန်း လေယာဉ်ပေါ်တွင် သူတစ်ချက်ကြည့်ခဲ့သည်။ နောက်ပိုင်း ကျီဖန်ယင်းက သူ့ကို Followingထဲက ဖယ်ရှားပစ်ခဲ့ပေမယ့် သူမရဲ့ Weiboအကောင့်နာမည်ကိုတော့ မှတ်မိနေပါသေးသည်။ အခုနောက်ပိုင်း သူသည် သူမ၏ပို့စ်များကို နေ့တိုင်းrefreshလုပ်၍ပင် စောင့်ကြည့်နေခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now