"ကိုယ်အရင်တုန်းက ကျီရှင်းရှင်းအပေါ် ခံစားချက်ရှိခဲ့ပေမဲ့ မင်းကကျ..." စုန့်ရှီးယွီက စကားကိုဆက်မပြောတော့ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်သွားခဲ့သည်။ သူဆက်ပြောမယ့်စကားကို သတိထားမိလိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
"သနားတာလား" ကျီဖန်ယင်းက သူ့စကားကို ပြီးအောင်ပြောလိုက်သည်။
"..." စုန့်ရှီးယွီက ပြန်မဖြေတော့ပေ။
ကျီဖန်ယင်းက အေးအေးဆေးဆေး ရေတစ်ငုံသောက်လိုက်ပြီး ခွက်ကို စားပွဲပေါ်ကို သပ်ရပ်စွာ ပြန်ချကာ "မစ္စချန်က လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။ မလိုလားအပ်တဲ့ အရှုပ်တော်ပုံတွေကို ရှောင်ဖို့ ငါတို့ရဲ့ လုပ်ငန်းဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ်။"
ထိုစကားကိုကြားသောအခါ စုန့်ရှီးယွီ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပြူးလာသည်။ သူက နည်းနည်းလေးမှ မတုံ့ဆိုင်းဘဲ ပြန်ဖြေသည် "ကိုယ်ငြင်းတယ်"
"ကျီရှင်းရှင်း ပြန်ရောက်လာပြီမဟုတ်ဘူးလား။" ကျီဖန်ယင်းက ထောက်ပြသည်။ "ငါ့အစား နင့်ရဲ့လရောင်ဖြူလေးကို သွားရှာသင့်တယ်။"
"ကျီဖန်ယင်း!" စုန့်ရှီးယွီက ဒေါသတကြီးအော်လိုက်သည်။
ထိုအချိန်တွင် စားပွဲထိုးသည် အော်ဒါလာယူတော့မည်ဖြစ်သော်လည်း သူ၏ရုတ်တရတ် ပေါက်ကွဲမှုကြောင့် သတိထားကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ကျီဖန်ယင်းက သူမရဲ့ နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ "ငါတို့ အခုအများပိုင်နေရာကိုရောက်နေတာ။ လူတွေကို အနှောင့်အယှက် ဖြစ်အောင်မလုပ်နဲ့။"
စုန့်ရှီးယွီ၏ရင်ဘတ်သည် သူ၏ တုန်လှုပ်နေသော စိတ်ခံစားမှုများအောက်တွင် လျင်မြန်စွာ မြင့်တက်လိုက် ပြန်ကျုံ့လိုက် ဖြစ်နေသည်။ သူ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်အတော်လေးယူခဲ့ရပါတယ်။
သူက ဒေါသတကြီးဖြင့် "မင်းဘာကိုကြားချင်တာလဲ။ ဘာကိုပြောစေချင်တာလဲ။ ငါကြိုက်နေတဲ့လူက မင်းညီမ မဟုတ်တော့ဘဲမင်းဆိုတာ ဝန်ခံစေချင်တာလား။"

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)