အခန်း၄

3.5K 367 0
                                    

ထိုအချိန်တွင် ကျီဖန်ယင်းသည် ဟိုတယ်လော်ဘီရှိ ဆိုင်းဘုတ်များကို တိတ်တဆိတ် ကြည့်လိုက်ပြီး ပွဲခန်းမဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် ခန်းမထဲတွင် လူများဖြင့် စည်ကားနေပြီဖြစ်သည်။ ကျီရှင်းရှင်းနဲ့ သူမမိဘတွေရဲ့ အားလပ်ရက်များအတွင်း ကစားနေသောဓာတ်ပုံ၊ ကခုန်နေကြသောဓာတ်ပုံ၊ မိဘတွေ့ဆုံပွဲမှဓာတ်ပုံ… စသည်ဖြင့် ဖန်သားပြင်ကြီးနှစ်ခုပေါ်တွင်ပြသထားသည်။ သူတို့သုံးယောက်သားက လိုက်ဖက်ညီတဲ့ မိသားစုတစ်ခုလိုပါပဲ။

တခြားသမီးကဘယ်မှာလဲဆိုတာ ဂရုစိုက်စရာတောင်မလိုဘူး။ ထိုပျော်စရာကောင်းသော ဓာတ်ပုံများထဲတွင် သူမ၏အရိပ်အယောင်ကိုပင် မမြင်ပေ။

ကျီဖန်ယင်းသည် အံ့သြတကြီးဖြင့် စုတ်တစ်ချက်သပ်လိုက်ကာ ဝင်ပေါက်နားမှနေ၍ ထိုပုံများကို ကြည့်လိုက်သည်။

ကျီဖန်ယင်းတွင် ဝမ်းနည်းစရာ​ကောင်း​သော ဘဝတစ်ခုရှိနေသည်။ သူမ ဘာအမှားမှ မလုပ်ထားပေမယ့် သူမမိသားစုဆီမှ အချစ်ကိုမခံခဲ့ရပေ။

သူမအပေါ် သံသယအကြည့်များ တ​ဖြည်း​ဖြည်းကျ​ရောက်သည်လာတာကြောင့် ကျီဖန်ယင်းသည် နောက်ဆုံးတွင် ခန်းမထဲရှိ ရှေ့ဆုံးစားပွဲဆီသို့ လျှောက်သွားလိုက်သည်။

ပတ်ဝန်းကျင်ရှိ ရှုပ်ယှက်ခတ်နေသော လူအုပ်ကြီးသည် သူမသည် ကျီရှင်းရှင်းနှင့် အရမ်းတူသည်ကို အံ့သြနေကြပြီး သူမအကြောင်း အတင်းအဖျင်းပြော​နေသံများကိုလည်း ကြား​နေရသည်။ ကျီဖန်ယင်းတစ်ယောက် အဖေကျီနဲ့ အမေကျီတို့ ရှေ့မှာ ရပ်လိုက်တဲ့အခါ သူတို့နှစ်ယောက်တောင် ခဏလောက် အံ့သြသွားကြပါတယ်။

"တောင်းပန်ပါတယ်။ တခြားကိစ္စတစ်ခုရှိနေသေးလို့ပါ။" လို့ အေးဆေးရှင်းပြ​ပြီးနောက် ကျီဖန်ယင်းက စားပွဲထိုးကို ထိုင်ခုံတစ်လုံးယူလာပြီး ပန်းကန်တစ်စုံထပ်ထည့်ဖို့ ပြောခဲ့ပါသည်။

အကုန်လုံးက ငါ့ကို စောင့်​နေ​ကြတယ်လို့ ပြောပြီး ငါ့အတွက် ထိုင်စရာတောင်မရှိဘူး။ ဘယ်လိုချီးစကားတွေပါလိမ့်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now