အခန်း၃၇

2.3K 268 0
                                    

ကျီဖန်ယင်း အနည်းငယ် နှ​မျောမိသည်။

ဘိုင်ကျိုးသာ သူ့ယွမ်၁၅သိန်းကို စွန့်ပစ်ချင်တယ်ဆိုရင် စုန့်ရှီးယွီကို ဖုန်းဆက်ပြီး ဒီည ညစာစားမလားဟု မေးလို့ရနိုင်ပါတယ်။ ဒီလိုနည်းဖြင့် သူမသည် ဝင်​ငွေနှစ်ဆ ရမည်ဖြစ်သည်။

ဒါပေမယ့် ဘိုင်ကျိုးက ဒီလောက်မရက်ရောဘူးဆိုတာ သိလာရတယ်။

နှမျောစရာပဲ။

ကျီဖန်ယင်းသည် နှ​မျောတသဖြင့် ဖုန်းကိုချလိုက်သည်။  စောစောက သူမရွေးထားတဲ့ လိမ္မော်ရောင် နှုတ်ခမ်းနီကို နှုတ်ခမ်းပေါ် ဂရုတစိုက် ဆိုးလိုက်တယ်။  သူမသည် မှန်ထဲသို့ လှမ်းကြည့်ကာ နှုတ်ခမ်းကိုဖိလိုက်ကာ အိတ်ကို ယူလိုက်သည်။

သူ့အသံကိုနားထောင်ရင် ညလုံးပေါက် ဂိမ်းဆော့နေတာ ဖြစ်နိုင်သည်၊ သူနောက်ကျလောက်မယ်။

ဘယ်လောက်ပဲ သူမ၏ဖောက်သည်နောက်ကျပါစေ သူမကတော့နောက်ကျလို့မရပေ။  ဒါက ပရော်ဖက်ရှင်နယ်ဆန်သောတစ်ယောက်ရဲ့ အခြေခံစည်းကမ်းတွေထဲက တစ်ခုပါပဲ။

ထုံးစံအတိုင်း သူမသည် သတ်မှတ်ထားသည့်​နေရာကို မိနစ်အနည်းငယ်ကြိုပြီး ရောက်သွားသည်။ ဘိုင်ကျိုးသည် ဘတ်စ်ကားမှတ်တိုင်တွင် တွေ့ဆုံမည်ဟု ပြောခဲ့သည်။ သူမ အချိန်ကိုတစ်ချက်ကြည့်ကာ အင်တာနက်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တဲ့ puzzleဂိမ်းတစ်ခုကို ကစားနေလိုက်သည်။

ဒီpuzzleဂိမ်း၏ အဆင့်တိုင်းတွင် စိတ်ဝင်စားစရာကောင်းသော လှည့်ကွက်များပါရှိပြီး သူမသည် ကြိုက်တဲအချိန်တိုင်းလည်း ရပ်တန့်၍ရနိုင်သည်။ ​ဆော့​ပြီးအချိန်ဖြုန်းရန်မှာ မကောင်းတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။

၉နာရီထိုးပြီးနေတာကြာနေပေမဲ့ သူမထင်ထားတဲ့အတိုင်း ဘိုင်ကျိုးကို မမြင်ရသေးပါဘူး။

ဖောက်သည်နောက်ကျ​နေတဲ့အတွက် ကျီဖန်ယင်းက သူ့အတွက် နည်းနည်းကြာကြာ ဆက်ကစားလဲ အဆင်ပြေတယ်လို့ တွေးမိတာကြောင့် သူမသည် နောက်တစ်ဆင့်ကို တက်ကာ ဆက်ဆော့​နေလိုက်သည်။

သူမသည် ခန္ဓာကိုယ်ကို အချိန်အတော်ကြာ မတ်နေအောင် ထိန်းထားခဲ့သော်လည်း အခုတွင် ဘတ်စ်ကားမှတ်တိုင်၏ ကြော်ငြာဘုတ်ကို သဘာဝကျကျ မှီလိုက်သည်။ လူအများစုနှင့်မတူဘဲ၊ သူမ၏ပခုံးများသည် နောက်ပြန်ဆွဲနေပြီး လက်ပြင်ကုန်းမနေပေ။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် သူမသည် လှပသော ပန်းချီကားတစ်ချပ်နှင့် တူပေသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now