ဒီအချိန်အတွင်း ကမ္ဘာကြီး၏အခြားတစ်ဖက်မှ ကျီရှင်းရှင်းသည် တွေဝေစွာဖြင့် ဖုန်းကို ကြည့်နေခဲ့သည်။
သူမ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ကျီဖန်ယင်းသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏စကားလုံးများသည် ကျီဖန်ယင်းအပေါ် အလုပ်မဖြစ်တော့ပေ။
ထို့အပြင် သူမ ပြင်သစ်သို့ ထွက်ခွာလာကတည်းက သူမသည် အရာများစွာကို တဖြည်းဖြည်း ထိန်းချုပ်မှုလွတ်နေပြီဟု ခံစားနေရသည်။
အချိန်တိုလေးအတွင်းမှာပင် သူမဆက်သွယ်ရမည့် လူအရေအတွက်ဟာ နှစ်ဆတိုးလာပါသည်။ လူပေါင်းများစွာဖြင့် ချိတ်ဆက်နေရန် လိုအပ်သော အားထုတ်မှုသည် နောက်စရာမဟုတ်ပေ။ သူမလို အချိန်စီမံတာကျွမ်းကျင်သည့်လူအတွက်ပင် ခက်ခဲနေသည်။
ပြောစရာမရှိအောင် ပြဿနာများကလည်း တစ်ခုပြီးတစ်ခု တိုးလာသည်။
ပထမတစ်ခုကတော့ ဘိုင်ကျိုးက ရုတ်တရက် သူမနဲ့ ဂိမ်းမဆော့ချင်တော့ပေ။
ကျီရှင်းရှင်းသည် 'အွန်လိုင်းဒိတ်' တွင် အပိုလူတစ်ယောက်ခေါ်လာသည့်အတွက် သူ၏သဘောထား ပြောင်းလဲသွားတာလားဟု တွေးမိသည်။ သူမသည် မပေါ်သွားစေရန် အန္တရာယ်မရှိအောင် သေချာကြိုးစားခဲ့သည်။
သူမရဲ့ ပြင်သစ်အပိုလူကိုတော့ ဘိုင်ကျိုးဟာ သူမရဲ့မောင်လေးဖြစ်တာကြောင့် သူနဲ့အတူတူ ကစားချင်သည်ဟူ၍ ပြောခဲ့သည်။
ကစားသည့်အခါတိုင်း သူမသည် ပြင်သစ်အပိုလူဘေးတွင် ထိုင်နေသဖြင့် voice chatကို အသုံးပြုရန် မလိုအပ်ပါ။ ထို့အပြင် ဘိုင်ကျိုး သူမနှင့် ပြင်သစ်အပိုလူ၏ စကားသံများကို မကြားစေရန်အတွက် voice chatကိုလည်း 'ထိမှစကားပြော၍ရသည်' ဟူသောမုဒ်သို့ ပြောင်းထားခဲ့သည်။
ဘိုင်ကျိုး သူမအပေါ် သဘောထားပြောင်းလဲသွားတဲ့နေ့မှာပဲ ကျီရှင်းရှင်းသည် ဘိုင်မိသားစု၏ အရှုပ်တော်ပုံအကြောင်း စန်းရှန်းရန်ဆီက မက်ဆေ့ချ်ရောက်လာခဲ့ပါသည်။ ထို့ကြောင့် ဘိုင်ကျိုး၏ ထူးဆန်းသော အပြုအမူသည် သူ့မိသားစုကြောင့် ဖြစ်ပေါ်လာခြင်းဟု ကောက်ချက်ချခဲ့သည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)