ကျီရှင်းယင်းသည် စုန့်ရှီးယွီ သူမကို ချောကလက်စက်ရုံလို နေရာမျိုးကို ခေါ်ဆောင်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ဘယ်လိုပြောရမလဲ။ ဘယ်လိုပဲကြည့်ကြည့် သူနဲ့မလိုက်ဖက်နေပေ။
သို့သော်လည်း သူဘယ်လုပ်ချင်တယ်ဆိုတာ သူမနားမလည်သလိုမျိုး မဟုတ်ပေ။ ဒီသနားစရာကောင်းသောလူသည် ကျီရှင်းရှင်းထံမှ ထူးခြားတဲ့အဓိပ္ပာယ်ရှိသော ချောကလက်တစ်လုံးကို လိုချင်နေတာဖြစ်သည်။
ဒီအတွက်နဲ့ ယွမ်၁၅သိန်း အကုန်အကျခံခဲ့ကာ ကားအသစ်တစ်စီးလည်းဝယ်ခဲ့ပြီး စက်ရုံတစ်ခုလုံးကိုတောင် တစ်မနက်လုံး ဘွတ်ကင်ချိတ်ထားလိုက်သေးသဘ်။
"ငါအရင်က ချောကလက် မလုပ်ဖူးဘူး" ကျီဖန်ယင်းက စိတ်ရှုပ်သော လေသံဖြင့် ပြောသည် "ပျက်ဆီးသွားရင် ဘယ်လိုလုပ်မလဲ။ အရသာဆိုးဆိုးဝါးဝါးကြီးဖြစ်သွားလောက်တယ်။"
"မစိုးရိမ်ပါနဲ့၊ မင်းလုပ်သမျှ ကိုယ်အကုန်ကြိုက်မှာပါ။" စုန့်ရှီးယွီက ညင်သာစွာ အာမခံပြောလာသည်။
"သေချာတာပေါ့။ နင်က ငါပထမဆုံးအကြိမ် ကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်ကို ရမဲ့လူလေ။ နင်သာ ငါ့ရဲ့ချောကလက်ကို ငြင်းလိုက်ရင် ငါဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။" ကျီဖန်ယင်းက မကျေမနပ်နဲ့ပြောသည်။
ထိုစကားများသည် အဓိပ္ပါယ်တစ်ခုတည်းကို ဖော်ပြနေသည်။
စုန့်ရှီးယွီသည် ကျီဖန်ယင်း ကိုယ်တိုင်လုပ်ထားသည့် ချောကလက်များကို ပထမဆုံးလက်ခံရရှိသူဖြစ်သည်။
ကျီဖန်ယင်းသည် ဝန်ထမ်းတစ်ဦးထံမှ ပေးထားသော အညွှန်းစာအုပ်ကို ကောက်ကိုင်လိုက်ပြီး စိတ်အားထက်သန်စွာ ဖတ်နေလိုက်သည်။ သိပ်ခက်ခဲမဲ့ပုံမပေါ်ပါဘူး။
ထို့ကြောင့် သူမသည် ဆူပွက်နေသော ရေနွေးအိုးက်ုကိုင်ထားသော စုန့်ရှီးယွီကို မီးဖိုဆီသို့ ယူသွားရန် ပြောလိုက်သည်။ သူမသည် ချောကလက်တစ်တုံးကို ဇလုံငယ်တစ်ခုထဲသို့ ပစ်ချလိုက်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ ချောကလက်သည် အပူအောက်တွင် တဖြည်းဖြည်း အရည်ပျော်နေချိန်တွင် မတူးသွားစေရန် ဖြည်းဖြည်းချင်း မွှေပေးနေသည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)