ကျီရှင်းရှင်းသည် စုန့်ရှီးယွီနှင့်တွေ့ဆုံပြီးနောက် နောက်တစ်နေ့တွင် ဟူပြန့်တက္ကသိုလ်၏ ပွဲကိုတက်ရောက်မည်ဖြစ်သဖြင့် ဘိုင်ကျိုးကို အတူသွားဖို့ မေးရန် အခွင့်အရေးယူခဲ့သည်။
ဘိုင်ကျိုးက ထုတ်မပြေပေမဲ့ သူ့အသံထဲတွင် မျှော်လင့်ထားမှုများက ဖုံးကွယ်၍မရချေ။
သူ့အပြုအမူမျာသည် ဒီတလော အနည်းငယ် ထူးဆန်းနေခဲ့သော်လည်း ကျီရှင်းရှင်းသည် သူ့အတွက် သိပ်မစိုးရိမ်နေခဲ့ပေ။ သူ့အဖေရဲ့အငယ်အနှောင်းနဲ့ တရားမ၀င်သားကို တွေ့ထားတာမကြာသေးတာကြောင့် စိတ်အခေအနေမကောင်းတာဖြစ်ပြီး မကြာမီ ပြန်ကောင်းလာလောက်သည်ဟု သူမတွေးခဲ့သည်။
ပြောရလျှင် ဘိုင်ကျိုးနှင့် သူမ၏ဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုအပ်နေပါသေးတယ်။ သူသည် အလွန်ချမ်းသာသော ဘိုင်မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။
သူ့မိဘများ၏ တရားမ၀င်ကလေးများက သူ့ရဲ့အမွေဆက်ခံခွင့်ကို ထိခိုက်စေလားမသိဘူး။ ဒီလိုဆို သူ့ကိုဦးစားပေးအဆင့်မှ လျှော့ချရမည်။
ကျီရှင်းရှင်းသည် ဟူပြန့်တက္ကသိုလ်သို့ သွားရာလမ်းတွင် သူမနှင့်လိုက်ဖက်လောက်မည့်သူများ၏ အဆင့်သတ်မှတ်ချက်စာရင်းကို ပြန်လည်ပြင်ဆင်ခဲ့သည်။
သူမ၏တက္ကသိုလ်သို့ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။ သူမသည် တက္ကစီပေါ်မှ ဆင်းကာ အထဲသို့ လျှောက်သွားခဲ့သည်။ ဘိုင်ကျိုးနဲ့ မဆုံခင် အရပ်ရှည်သော အမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့ပါသည်။
ထိုလူက လက်မောင်းထဲတွင် စာအုပ်များပိုက်ထားကာ တစ်ယောက်တည်း လမ်းလျှောက်နေတာဖြစ်သည်။ သူသည် အေးစက်ကာ ခံစားချက်မဲ့နေပြီး လက်ထဲမှ ဖုန်းကို စိုက်ကြည့်နေသည်။ သူ၏အ၀တ်အစားများကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ရာ ကျီရှင်းရှင်းသည် သူသည် ချမ်းသာကြွယ်ဝသောမိသားစုမှဖြစ်ကြောင်းကို သိနိုင်လေသည်။
သူ့မှာ စုံတွဲနှင့်ပစ္စည်းတွေလည်း မရှိဘူး။ Singleများလား။
လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုလျှင် ကျီရှင်းရှင်းဟာ ဒီလိုအရည်အသွေးကောင်းတဲ့ပစ္စည်းကို သေချာပေါက် လက်မလွှတ်လောက်ပေ။ သို့သော် ဒီနေ့ သူမဟာ 'ရှလကာရည်အိုး' ဘိုင်ကျိုးကို သွားတွေ့ရမှာဖြစ်တာကြောင့် တခြားယောက်ျားများနှင့် စကားစမြည်မပြောနိုင်ပေ။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)