အခန်း၁၈၆

901 138 2
                                    

ကျီဖန်ယင်း တိုက်ခန်းကို ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်ခဲ့သည့်အရာက ဖိုင်တွဲထဲမှ စာရွက်စာတမ်းများကို ထုတ်ယူပြီး ကြည့်လိုက်တာပင်။ သူမသည် ပရော်ဖက်ရှင်နယ်ရှေ့​နေမဟုတ်သော်လည်း စာရွက်စာတမ်းများသည် အိမ်မြေကွက်လွှဲပြောင်းရန် စာချုပ်နှင့် တကယ်တူသည်။

စာချုပ်နှင့် ပတ်သက်၍ ဘယ်ပြဿနာကိုမှ မတွေ့ခဲ့ရသော်လည်း သူမသည် ငွေကို လက်ခံရန် ရည်ရွယ်ချက်မရှိပေ။ အခြားနည်းလမ်းများဖြင့် ငွေသန်းတစ်ရာကို အလွယ်လေး ရှာနိုင်သောကြောင့် ဒီငွေပမာဏသည် သူမအတွက် မက်လောက်စရာမဟုတ်ပေ။

သူမ၏ လက်ရှိအလုပ်သည် အရမ်းကောင်းနေသောအလုပ်မဟုတ်သော်လည်း တ​ခြားလူများ၏အိမ်ထောင်ရေးကို ပျက်ဆီးစေသည်ကတော့ သူမ၏ကိုယ်ပိုင်စည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ ဒါ့ကြောင့် သူမသည် ထိုအငယ်အနှောင်းနှင့် သားဖြစ်သူ အာဏာရလာစေဖို့အတွက် ကူညီမည်မဟုတ်ပေ။

သို့သော် ဤစာချုပ်ကို သူမ အသုံးချနိုင်မည့် နောက်ထပ်အခွင့်အရေးတစ်ခု ရှိသေးသည်။

သူမ အ​မြန်ဆေးကြောကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ အိပ်မပျော်သေးခင် မနက်ဖြန် သူမရဲ့အချိန်ဇယားကို စစ်ဆေးရန် ကြိုတင်စာရင်းသွင်း​သောအက်ပ်ကို နှိပ်လိုက်သည်။

ယခု ကြိုတင်စာရင်းသွင်းသည့်အက်ထဲတွင် ဖောက်သည်များအား သူတို့၏မအောင်မြင်ခဲ့သောလေလံများကို အလိုအလျောက်ငွေပြန်အမ်းပေးပြီး နိုင်သွားသောလေလံကိုသာ အတည်ပြုသည့် လုပ်ဆောင်ချက်တစ်ခုပါလာသည်။ ထို့ကြောင့် ကျီဖန်ယင်းသည် လေလံဆွဲနေချိန်တစ်လျှောက်လုံးကို အဆက်မပြတ်စစ်ဆေးနေစရာမလိုဘဲ ရလဒ်များကိုသာ ကြည့်လိုက်ရုံပင်။

ကြိုတင်စာရင်းသွင်းထားထား၊ မထားထား အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့စတူဒီယိုမှာလည်း အလုပ်တွေအများကြီးရှိသေးတယ်။ ပြီးတော့ ကျီရှင်းရှင်းကလည်း သဘက်ခါပြန်လာမှာမလား။

သို့သော်လည်း ကျီဖန်ယင်း အက်ပ်ကို နှိပ်လိုက်သောအခါ သူမ၏အချိန်ဇယားသာ် သဘက်ခါ မနက်၁၁နာရီမှ ည ၉ နာရီအထိ ပြည့်​နေသည်ကို တွေ့လိုက်ရသည်။ စုန့်ရှီးယွီ ယူထားတာဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now