အခန်း၇၂

2K 244 4
                                    

သူမသည် ရေးလက်စ ရုပ်ရှင်သုံးသပ်ချက်ကို အပြီးသတ်ပြီးမှသာ စာပြန်ရန် သူမ၏အားအပြည့်သွင်းထားသောဖုန်းကို ကောက်ကိုင်လိုက်သည်။ [တောင်းပန်ပါတယ်၊ ရှင်အလုပ်ရှုပ်နေတယ်ထင်လို့ ဖုန်းကိုဘေးချပြီး အလုပ်လုပ်လိုက်တာ။ ရှင်ကျွန်မကို မေးနေတယ်လို့ ကျန်းနင်ဆီက ကြားခဲ့တယ်။]

သူမသည် စန်းရှန်းရန်သာ ဒီစောင့်ဆိုင်းသောဂိမ်းကို ဆက်လက်ကစားလိုသေးလျှင်လည်း သူမ စိတ်ထဲမထားပေ။ သူမ အသက်ရှင်နေသေးကြောင်း သိစေရန် နာရီအနည်းငယ် တစ်ကြိမ်စာပြန်ပေးနိုင်ပြီး 'အချိန်ခြားနားသော စကားဝိုင်း'အတွင်း သူ့ကို အရေးမပါသောအရာများဖြင့် တုံ့ပြန်ပေးနိုင်ပါသည်။

သို့သော်၊ စန်းရှန်းရန်သည် သူ၏အရင်ဗျူဟာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ နှစ်မိနစ်အတွင်း သူက ပြန်ဖြေလာသည် [မင်းရဲ့အိမ်မက်ဖန်တီးပေးတဲ့အလုပ်ကို ဘယ်ချိန်ကျ ကြည့်လို့ရမလဲ။]

ကျီဖန်ယင်းသည် ရေးတစ်ငုံသောက်ရင်း လက်တစ်ဖက်တည်းဖြင့် စာရိုက်လိုက်သည် [အခွင့်အရေးရှိရင်ပေါ့။]

စုန့်ရှီးယွီ စန်းရှန်းရန်ကို ကစားပွဲ​တွင်ပါဝင်ခွင့်ပေးရန် ဆန္ဒရှိ မရှိပေါ်တွင် မူတည်သည်။

စန်းရှန်းရန်သည် သူမမေးခဲ့သော အခြားမေးခွန်းကို လျစ်လျူရှုထားကြောင်း သူမ သတိပြုမိသော်လည်း ထပ်မ​​မေးရန် ဆုံးဖြတ်ခဲ့သည်။

မက်ဆေ့ချ်အနည်းငယ်ဖလှယ်ပြီးနောက် ကျီဖန်ယင်းသည် ညစာကိုဆင်ခြေအဖြစ် အသုံးပြုပြီး စကားဝိုင်းကိုအဆုံးသတ်ခဲ့သည်။

စန်းရှန်းရန် စကားလာပြောရန် အကြောင်းပြချက်ရှာ၍ရဖို့အတွက် သူမ၏Momentsတွင် ပို့စ်တစ်ခုတင်ရန် ရည်ရွယ်ထားသော်လည်း သူမထိုင်ခုံမှထလာချိန်တွင် စန်းရှန်းရန်သည် ရုတ်တရက် သူမအား ဓာတ်ပုံတစ်ပုံပို့လာသည် [ကိုယ်အခု​ ကိုယ်သူနဲ့တွေ့နေရလဲ မှန်းကြည့်။]

ကျီဖန်ယင်းသည် ဓာတ်ပုံကို တစ်ချက်​ထိကာ ကြည့်လိုက်သည်။ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော စန်းရှန်းရန်၏ ဆယ်လ်ဖီပုံဖြစ်ပြီး နောက်ခံပုံအရ သူသည် တွေ့ဆုံပွဲ သို့မဟုတ် ပွဲအခမ်းအနားတစ်ခုခုတွင် ရှိနေတာဖြစ်နိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now