အခန်း၂၉

2.5K 294 1
                                    

ကျီဖန်ယင်းက ဒီဝန်ဆောင်မှုအကြောင်းကို သူမစိတ်ထဲမှာ မှတ်သားလိုက်ကာ "ကောင်းတာပေါ့။"

စုန့်ရှီးယွီသည် သူမအား ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းနေသကဲ့သို့ စိုးရိမ်တကြီးဖြင့် သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ကျီဖန်ယင်းသည် ဖောက်သည်၏တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် ချက်ချင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

"ငါ…" သူ့အကြည့်ကြောင့် ရှက်ရွံ့​နေသလိုမျိုး သူမသည် မျက်လွှာကို အနည်းငယ်ချလိုက်သည်။ သူမသည် ခံစားချက်များကို ဖွင့်ဟဝန်ခံရန် သတ္တိစုစည်းနေသကဲ့သို့ နှုတ်ခမ်းကိုအနည်းငယ်ကိုက်ကာ "… ငါလည်းနင့်ကိုသဘောကျပါတယ်။ ဒီအတိုင်း အခုချိန်မှာစာလေ့လာဖို့က ငါ့အတွက် အရေးကြီးလို့ပါ။ ငါနင်နဲ့တန်းတူ​နေရာမှာ ရပ်နေနိုင်ချင်တယ်။ ငါတစ်ကိုယ်ကောင်းဆန်တာတွေကို နင်ခွင့်လွှတ်ပေးလို့ရမလား။"

စုန့်ရှီးယွီ၏ အနည်းငယ်ရီ​ဝေနေသောမျက်လုံးများသည် ယခင်ကထက်ပင် တောက်ပနေပုံရသည်။

"ကိုယ်မင်းကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ" သူသည် လေးလံစွာ သက်ပြင်းချကာ ပြောလိုက်သည် "မင်းရဲ့အပြုံးလေးတစ်ခုကြောင့် ကိုယ့်နာမည်ကိုတောင် မေ့သွားနိုင်တယ်။"

သူ့ရဲ့အကြီးမားဆုံး​ပြဿနာကို ခဏတာဖြေရှင်းပြီးသွား​ပြီဖြစ်လို့ စုန့်ရှီးယွီဟာ မကြာခင်မှာပဲ ဆိုဖာပေါ်မှာ အိပ်ပျော်လုနီးနီးဖြစ်နေလေပြီ။

အချိန်မ​​ပြည့်သေးတာကြောင့် ကျီဖန်ယင်းက ရေတစ်ခွက်​လောင်းထည့်ပြီး သန်းခေါင်ယံအချိန်ကို စုန့်ရှီးယွီအနားမှာ ထိုင်ရင်း စိတ်ရှည်ရှည်နဲ့ စောင့်​နေခဲ့ပါတယ်။

လူအများစုသည် ဘာမှလုပ်စရာမရှိသည့်အခါ သူတို့၏ဖုန်းများကို အလိုလိုလက်လှမ်းမိတတ်ကြသော်လည်း ကျီဖန်ယင်းသည်တော့ သူမ၏လက်ထဲမှ ဖန်ခွက်ကို လှည့်ရင်း အကြံကို အကောင်အထည်​ဖော်နိုင်ရန် စဉ်းစားနေသည်။

ထိုအချိန်အတွင်း စုန့်ရှီးယွီသည် အိပ်မက်ယောင်ကာ စကားအချို့ကို တိုးတိုးလေးပြောနေ​ပြီး ကျီဖန်ယင်းသည် သူ၏ နဖူးပေါ်ရှိ ကြုံ့နေသော အရေးအကြောင်းများကို ညင်သာစွာ ဖြေလျှော့ပေးလိုက်ရင်း “စိတ်ပူမနေနဲ့နော်၊ အိပ်လိုက်တော့။ ငါနင့်ဘေးမှာ ရှိနေတယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now