အခန်း၁၈၈

1K 137 3
                                    

မစ္စစ်ဘိုင် စားပွဲတစ်ခုတွင် ကျက်သ​ရေရှိစွာ နေရာယူထားသည်ကို သူမမြင်သောအခါ ဤကမ္ဘာပေါ်တွင် ပြီးပြည့်စုံသောလူတစ်ယောက်မျှမရှိဟု စိတ်ထဲတွေးလိုက်သည်။

မစ္စစ်ဘိုင်တွင် ဂုဏ်သတင်းကြီးမားသော မိသားစုနောက်ခံ၊ ထက်မြက်သော စီးပွားရေးအမြင်၊ နုပျိုလှပသော အသွင်အပြင်၊ ထူးချွန်ပြီး ချောမောသော သားလေးအထိရှိပါသော်လည်း သူမသားနှင့် အဆင်ပြေဖို့ရန်မှာတော့ မျှော်လင့်ချက်မဲ့နေခဲ့သည်။

သူမရဲ့ ခြေသံကိုကြားတော့ မစ္စစ်ဘိုင်က ခေါင်းကိုမော့ပြီး ကျီဖန်ယင်းကို ကြည့်လိုက်သည်။ သူမနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံဆီသို့ လက်ပြကာ "ထိုင်ပါဦး" ဟုဆိုသည်။

သူမ၏ အသံသည် ပေါ့ပါးပြီး နူးညံ့သော်လည်း သူမ၏ လေသံထဲတွင် အမိန့်သံအနည်းငယ်လည်း ပါနေသည်။ ကျီဖန်ယင်းကို သူမလက်အောက်ငယ်သားအဖြစ် ဆက်ဆံနေသလိုပင်။

သို့သော်၊ ကုမ္ပဏီတစ်ခု၏သူဌေးက နူးညံ့စွာပြောဆိုလာဖို့ကိုတော့ မျှော်လင့်မထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ မစ္စစ်ဘိုင်ဘက်မှအရင် သူမအား ထမင်းစားဖိတ်ခဲ့​ခြင်းသည် ယခုအချိန်တွင် အားသာချက်တစ်ခုအဖြစ် ရှိနေပါသည်။ မစ္စစ်ဘိုင်၏လေသံကို သူမ လျစ်လျူရှုပြီး တည်ငြိမ်စွာ ထိုင်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မရဲ့တောင်းပန်လက်ဆောင်ကို မစ္စစ်ဆီ ကောင်းကောင်းရောက်သွားခဲ့တဲ့ပုံပဲ။"

"ဒီလ​တွေအတွင်း ကျွန်မသားရဲ့အသုံးစရိတ် တိုးလာရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို အခုမှပဲ သိတော့တယ်။ မင်းနဲ့ မင်းညီမတို့ရဲ့ လုပ်ရပ်တွေကို ကျွန်မကို ပြောစရာစကားတောင်မရှိတော့ဘူး။ မင်းတို့နှစ်ယောက်ထဲက ဘယ်သူကပို..."

မစ္စစ်ဘိုင်သည် စကားမဆုံးခင် ခဏလောက် ခေတ္တရပ်လိုက်သည်။

"...ရွံစရာကောင်းလဲဆိုတာတောင် သေချာမပြောနိုင်တော့ဘူး။"

ကျီဖန်ယင်းသည် တိုးတိုးလေး ရယ်လိုက်ပြီး "အဲဒါအကြောင်းကို ကျွန်မတကယ်မတွေးဖူးဘူး။"

ကျီရှင်းရှင်းက သူမထပ် ပိုမြင့်မြတ်တယ်လို့ထင်လားဟု တစ်ခါက မေးခွန်းထုတ်ခဲ့ဖူးသော်လည်း ရိုးရိုးသားသားပြောရရင် ကျီဖန်ယင်းက အဲဒီလို မတွေးဖူးပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now