အခန်း၆၅

1.9K 245 1
                                    

ဘိုင်ကျိုးသည် အဖြေကို ကြားသောအခါတွင် ရှုပ်ထွေး​သော မျက်နှာအမူအရာအမျိုးမျိုး ပေါ်လာသည်။

ကျီဖန်ယင်းသည် ပရော်ဖက်ရှင်နယ် ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားခဲ့ပြီး သူမ၏အမြင်မှာ အထင်အမြင်သေးခြင်းနှင့် မယုံကြည်မှုပင် ဖြစ်သည်။

ထို့ကြောင့် သူမသည် ပေါ့ပေါ့တန်တန် ပခုံးတွန့်ကာ ဘိုင်ကျိုးကို နှုတ်ဆက်ပြီး တစ်ယောက်တည်းထွက်သွားသည်။

ခြေလှမ်းအနည်းငယ်လှမ်းအ​ပြီးတွင် သူမ၏ခြေထောက်များသည် နောက်တစ်ကြိမ် မသက်မသာခံစားလာရသောကြောင့် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ ခြေဖနောင့်များသည် အနည်းငယ်နီနေသော်လည်း ကံကောင်းထောက်မစွာ​ဖြင့် သွေးမထွက်နေပေ။

လူအုပ်နဲ့အတူ အပန်းဖြေဉယျာဉ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်ထွက်လာရင်း အိတ်ထဲမှ ဖုန်းကို လှမ်းယူကာ ဖွင့်လိုက်တယ်။

သူမသည် တက္ကစီငှားရန် ရည်ရွယ်ခဲ့သော်လည်း စုန့်ရှီးယွီထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှု အနည်းငယ်ကို သူမ သတိပြုမိလိုက်သည်။

သုံးခုမှာ ည၈နာရီခန့်က ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာတော့ လွန်ခဲ့သော ဆယ်မိနစ်ကပင် ဖြစ်သည်။

စုန့်ရှီးယွီသည် သူမကို ဖုန်းများစွာခေါ်ဆိုသည်မှာ ထူးဆန်း​နေသောကြောင့် သူမသည် ဖုန်းပြန်ဆက်ရန် ဆုံးဖြတ်ခဲ့သည်။ ဖောက်သည်များနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားရန်မှာ အရေးကြီးပါသည်။

စုန့်ရှီးယွီက ချက်ချင်း ဖုန်းမကိုင်လာတာကြောင့် ကျီဖန်ယင်း စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ပါသည်။ နောက်ဆုံးတွင်  စုန့်ရှီးယွီ၏ မပီမသအသံသည် စပီကာမှထွက်လာသည် "ဟယ်လို"

"ဖုန်းခေါ်ထားတာတွေ့လို့" ကျီဖန်ယင်းက ပြောသည်။

သူသည် အချ်န်အတော်ကြာတိတ်ဆိတ်နေပြီးမှ "… ငါနေမကောင်းဘူး"ဟု ပြောလာသည်။

"နင့်အတွက် လူနာတင်ကားခေါ်ပေးစေချင်တာလား။ ဒါမှမဟုတ် နင့်​အခြေအနေကို ကျီရှင်းရှင်းကို ပြန်ပြောပြစေချင်တာလား။" ကျီဖန်ယင်းက မေးသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now