အခန်း၉၀

2K 246 3
                                    

စန်းရှန်းရန်ထံသို့ ​စျေးစာရင်း ပေးပို့ပြီးနောက် ကျီဖန်ယင်းသည် အသစ်ဝယ်ထားသော ရုံးထိုင်ခုံပေါ်တွင် ပျင်းရိစွာ အကျောဆန့်လိုက်သည်။

စုန့်ရှီးယွီ ဖောက်သည်အသစ်တွေကို မိတ်ဆက်ပေးမှာကို စောင့်နေလို့ မဖြစ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် နည်းလမ်းစဉ်းစားရတော့မယ်။

စုန့်ရှီးယွီက သူမထင်ထားသလောက် အလုပ်မဖြစ်ပေ။ အခုအချိန်အထိ သူသည် ဘိုင်ကျိုးတစ်ယောက်ကိုသာ သူမနှင့် မိတ်ဆက်ပေးသေးသည်။

တကယ်ဆို အခုချိန် ငါးနံပါတ်လေးကို မိတ်ဆက်ပေးသင့်နေပြီ။ ဟင်း... ယောက်ျားတွေက တကယ်ကို အားကိုးလို့ မရဘူး။

ကျီဖန်ယင်းက ခေါင်းခါရင်း လက်တော့ပ်ကိုပိတ်ကာ ရုပ်ရှင်ကြည့်ရန် သက်တောင့်သက်သာရှိသော ဆိုဖာပေါ်မှာ ထိုင်ချလိုက်တယ်။ သူမသည် ကြည့်ပြီးနောက် ​သုံးသပ်ချက်ကိုရေးကာ အိပ်ရာမဝင်မီ အွန်လိုင်းပေါ်တွင်တင်ခဲ့သည်။

အခုချိန်ထိ ရ​​နေတဲ့ငွေအရဆိုရင် ပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ပေ။

ငွေပိုမိုစုဆောင်းခြင်းသည် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်အတွက် အမှန်တကယ်ပင် အသုံးဝင်သော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အဓိကဝင်​ငွေသည် စိတ်ခံစားချက်ရမှတ်များမှ ဖြစ်သည်။

သူစိမ်းတွေဖြစ်စေ၊ အသိမိတ်ဆွေတွေဖြစ်စေ ကျီဖန်ယင်းအပေါ် တစ်ခုခုခံစားမိသရွေ့ အက်ပ်ထဲ စိတ်ခံစားချက်ရမှတ် ရောက်လာပါသည်။

သူမသည် ယခုအချိန်တွင် ဆိုရှယ်မီဒီယာတွင် နာမည်ရှိနေခဲ့ပြီး သူမ မသိသောလူများထံမှ စိတ်ခံစားချက်ရမှတ်များသည် အဆက်မပြတ် ဝင်လာ​နေခဲ့သည်။

ထို့အပြင်၊ သူမသည် ဝန်ဆောင်မှုချိန်ပြင်ပတွင်ပင် ဖောက်သည်များထံမှ စိတ်ခံစားချက်ရမှတ်များကို ရံဖန်ရံခါ ရရှိတတ်သည်။ သူတို့သည် သိသာစွာပင် သူတို့စိတ်ထဲ သူမကို မထည့်ဖို့ ကြိုးစားနေကြခြင်းပေ။

ကျီဖန်ယင်းသည် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်၏မှတ်တမ်းများထဲသို့ နှိပ်လိုက်ကာ အောက်သို့ဆွဲသွားသည်။ သိပ်မကြာခင်မှာဘဲ စန်းရှန်းရန်ရဲ့ နာမည်ကို ရှာတွေ့သွားပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now