လီရှောက်ရှင်းသည် သူမကို ခဏတာ တိတ်ဆိတ်စွာ ကြည့်ပြီးနောက် "မင်းရဲ့သရုပ်ဆောင်မှုထဲ ငါမျောလိမ့်မယ်လို့ ထင်နေတာလား။"
"ဟင့်အင်း" ကျီဖန်ယင်း၏ အပြုအမူသည် အေးဆေးနေသော်လည်း သူမမျက်လုံးများသည် သူ၏ မျက်နှာအမူအရာ အတိအကျကို စောင့်ကြည့်နေသည်။ "ရှင်ကသူတို့နဲ့ မတူဘူးဆိုတာ ကျွန်မသိတယ်"
ကျီဖန်ယင်းသည် စက္ကန့်အတော်ကြာ မျက်လုံးချင်းဆုံမိခဲ့ပြီးနောက် ယုံကြည်မှုအပြည့်ရှိသော အပြုံးကို ထုတ်ပြလိုက်သည်။
လီရှောင်ရှင်း၏ နက်ရှိုင်းသောမျက်လုံးများအတွင်း ယိမ်းယိုင်နေသောအရိပ်အယောင်ကို သူမတွေ့ရှိခဲ့ပြီး ထိုအရာသည် သူမ၏အောင်ပွဲအတွက် သော့ချက်ဖြစ်သည် "မစ္စတာလီ၊ ရေနစ်ပေမဲ့ ရုန်းမထွက်နိုင်တဲ့လူနဲ့ အိမ်မက်လှလှလေးထဲ ကိုယ်ကိုကိုယ်တောင်မသိဘဲ နစ်မျောနေတဲ့လူ ဘယ်သူက ပိုသနားစရာကောင်းတယ်လို့ ထင်လဲ။"
လီရှောက်ရှင်း၏ တည်ငြိမ်သော မျက်လုံးများသည် နောက်ဆုံးတွင် အေးစက်သွားတော့သည်။
"ရှင်က တခြားသူတွေနဲ့ မတူဘူး။ ထက်မြက်တယ်။ ကျွန်မညီမလေးက ရှင့်ကို သူ့လက်ခုပ်ထဲထည့်ဖို့ကြိုးစားနေတာကို သိပေမယ့် သူရှင့်ကိုပေးနေတဲ့ ထင်ယောင်ထင်မှားလေးတွေကို စွန့်မလွှတ်နိုင်ဘူးဖြစ်နေတယ်..."
ကျီဖန်ယင်း ထိုအကြောင်းကို ပိုစဉ်းစားလေလေ စိတ်ဝင်စားစရာ ကောင်းလေလေဟု တွေးမိသည်။ "ခဏလေးနေပါဦ။ ကျွန်မညီမရော ဒီအကြောင်းကိုသိလား။"
လီရှောက်ရှင်းက စကားတစ်ခွန်းမှ မပြောလာသော်လည်း သူ့အမူအရာက ပို၍အေးစက်လာသည်။
ကျီဖန်ယင်းသည် သူ၏ တုံ့ပြန်မှုမှ အဖြေကို ဖော်ထုတ်နိုင်ခဲ့သည်။ "ကြည့်ရတာ မသိဘူးဘဲ။"
သူမသည် မေးကို ပွတ်သပ်ကာ ရုတ်တရက် ရယ်မောလိုက်ရင်း "တောင်းပန်ပါတယ်နော်။ ဒီကိစ္စက ကျွန်မအတွက် အရမ်းစိတ်ဝင်စားဖို့ကောင်းနေလို့၊ ကျွန်မ စိတ်အေးအောင်လုပ်ဖို့ အချိန်လေးခဏလောက်ပေးပါဦး။"
ဘောလုံးသည် အစပိုင်းတွင် လီရှောက်ရှင်း၏လက်ထဲတွင် ရှိနေခဲ့သော်လည်း စကားပြောနေရင်း ချိန်ခွင်သည် ကျီဖန်ယင်းဘက်သို့ သိသိသာသာ တိမ်းစောင်းသွားခဲ့သည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)