သူ့အမေရဲ့ စံနှုန်းက ဘယ်လောက်ထိမြင့်တယ်ဆိုတာ ဘိုင်ကျိုးသိပါသည်။ ကျီရှင်းရှင်းကဲ့သို့ တော်သောလူပင် သူ့အမေရဲ့မျက်လုံးကို မဖမ်းစားနိုင်ခဲ့ပေ။
အခု ကျီဖန်ယင်းက လာမည့်နှစ်အနည်းငယ်အတွင်း ငွေအမြောက်အမြားရနိုင်သည်ဟု သူမကိုယ်တိုင် ပြောနေသည်။
ကျီရှင်းရှင်းသည် ငွေရှာနိုင်မည့် အခြားလုပ်ငန်းများသို့ ကူးပြောင်းနေပြီဖြစ်သည်။ အခု သူမရဲ့အခြေအနေကမကောင်းသေးလို့လား။ တကယ်လို့ သူမရဲ့မတောက်တခေါက် ရုပ်ရှင်စတူဒီယိုကသာ ငွေတွေအများကြီးရှာနိုင်သွားရင် ကြိုတင်စာရင်းသွင်းတဲ့အက်ပ်လေးကို ဆက်လုပ်ပါဦးမလား။
'အစားထိုး'လုပ်ငန်းကို အကြောင်းပြုပြီး သူမနဲ့တွေ့လို့မရတော့ဘူးဆိုရင်...
ဘိုင်ကျိုးသည် ထိုအတွေးကြောင့် ထိတ်လန့်သွားသည်။
ကျီဖန်ယင်းကို လုံးဝပြန်မဆုံနိုင်လောက်တော့ဘူး။ တကယ်တော့ ငါတို့ရဲ့ဆက်ဆံရေးက အစကတည်းက ငွေတစ်ခုတည်းနဲ့ပဲ ချည်နှောင်ထားခဲ့တာဆိုတော့။
ဘိုင်ကျိုးက ကျီဖန်ယင်း၏ စကားများကို ရုတ်တရက် ပြန်သတိရသွားခဲ့သည်။
ထိုအချိန်တုန်းက သူသည်သံသယဖြစ်နေခဲ့သည်။ ကျီဖန်ယင်းက တကယ် စုန့်ရှီးယွီကြောင့် မဟုတ်ဘဲ ငွေရှာချင်လို့ ဒီလုပ်ငန်းကိုလုပ်နေတာဆိုရင် ဒီလောက်ပိုက်ဆံတွေအများကြီးနဲ့ သူဘာလုပ်မလို့လဲ။
တကယ်တော့ သူက ဒီမေးခွန်းကို သူမကို နှစ်ကြိမ်တိုင်တိုင် မေးခဲ့ဖူးပါသည်။
ပထမအကြိမ်တုန်းက၊ သူမက တစ်စုံတစ်ယောက်ကို ကယ်တင်ရန်လို့ပြောခဲ့ပြီး ဒုတိယအကြိမ်တွင်တော့ ဆယ်ဘီလီယံလိုတာကြောင့်ဟု ပြောခဲ့သည်။
"လူတစ်ယောက်က ဆယ်ဘီလီယံတောင် အကြွေးတင်နိုင်ပါ့မလား" သူ ရေရွတ်လိုက်သည်။
"အဲ့လိုလူသာတကယ်ရှိရင် ရာဇ၀တ်ကောင် ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူတွေထဲကတစ်ယောက် ဖြစ်လိမ့်မယ်။" လို့ မစ္စစ်ဘိုင်က သူ့ကို ဖြေကြားပေးခဲ့ပါသာ်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Fiksi UmumTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)