အခန်း၁၅၉

1.2K 163 1
                                    

သူတို့နှစ်ယောက် အထွက်ပေါက်သို့ ရောက်သောအခါ စုန့်ရှီးယွီသည် သွားနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ကျီဖန်ယင်းကို လှည့်မကြည့်ဘဲ "တောင်းပန်ပါတယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျီဖန်ယင်းက သူ၏တင်းတင်းကြပ်ကြပ်ဆုပ်ထားသော လက်သီးများကို ကြည့်ပြီး "ဘာကို တောင်းပန်တာလဲ"

"မင်းအစ်မကို တောင်းပန်ချင်တာပါ။ ကိုယ်...သူ့ကို ကောင်းကောင်းမဆက်ဆံခဲ့မိဘူး" လို့ စုန့်ရှီးယွီက ခက်ခက်ခဲခဲ ထုတ်ပြောလာသည်။

'သူ့ကို ကောင်းကောင်းမဆက်ဆံခဲ့မိဘူး' ဟူသောနေရာတွင် တော်တော်လေး ညင်သာသည်။

ကျီဖန်ယင်းက သူ့ကို တည်ငြိမ်စွာ ပြန်ပြောသည် "ဟုတ်ပါပြီ၊ နင့်ရဲ့တောင်းပန်စကားကို မမဆီ ပြန်ပြောပြမယ်။"

"သူငါ့ကို ခွင့်လွှတ်ပါ့မလား။"

ကျီဖန်ယင်း မဖြေခင် ထိုမေးခွန်းကို စက္ကန့်အနည်းငယ်ကြာအောင် တွေးတောနေခဲ့သည်။ "​သေချာမသိဘူး၊ နင့်တောင်းပန်စကားကို ကြားပြီးမှ ဆုံးဖြတ်မှာပေါ့။"

အခု သူမသေသွားခဲ့ပြီ။ ဘာမှ မကြားနိုင်တော့ဘူး။

ကျီဖန်ယင်း၏စကားကြောင့် သူ့ရဲ့ကြီးကျယ်သောဘဝင်လေဟပ်ခဲ့မှုကြီးအား ရှက်သွားခဲ့ပေမယ့် စုန့်ရှီးယွီကတော့ ဒီအကြောင်းအရာကို ဆက်မပြောရန် ရွေးချယ်ခဲ့ပါသည်။

ည၁၀နာရီ​လောက်သာရှိသေးသော်လည်း ကျီဖန်ယင်းကိူ တိတ်ဆိတ်စွာ လိုက်ပို့လေသည်။

ကားသည် ကျီမိသားစုအိမ်အစား သူမ၏ရက်ကွက်ဆီသို့ ဦးတည်နေကြောင်း ကျီဖန်ယင်း သတိပြုမိသွားသောအခါ "ငါ့အိမ်က ဒီဘက်မှာမဟုတ်ဘူးနော်" ဟု သူ့ကို ကြင်နာစွာ သတိပေးခဲ့သည်။

စုန့်ရှီးယွီသည် သူမကို လျစ်လျူရှုကာ သူမတို့ရက်ကွက်ဆီသို့ ဆက်လက် မောင်းနှင်သွားခဲ့သည်။ နောက်ဆုံးတွင် ကားရပ်သွားသောအခါမှသာ သူသည် ရှေ့တိုးလာကာ သူမ၏ထိုင်ခုံခါးပတ်ကို ​ဖြုတ်ပေးလိုက်သည်။

"ဂွတ်နိုက်" ဟုသူကပြောသည်။

"ဟုတ်ပါပြီ၊ ဂွတ်နိုက်။ အပြန်လမ်းမှာ ဂရုစိုက်ဦးနော်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now