စန်းရှန်းရန်သည် ကျီမိသားစုနှင့် တွေ့ဆုံမှုအတွက် အပြည့်အဝ ပြင်ဆင်ထားသည်။
စုန့်ရှီးယွီသည် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ သဘောထားနှင့် စကားလုံးများအပေါ် အခြေခံ၍ ကောက်နုတ်ချက်တချို့ ထုတ်နိုင်သေးသည်။
ဥပမာအားဖြင့်၊ စုန့်ရှီးယွီသည် 'အစားထိုး' ဟူသောစကားလုံးကို အထူးသတိထားပုံရသည်။ ထို့အပြင် ကျီဖန်ယင်း၏ ဖုန်းနံပါတ်ကိုလည်း လုံးဝမပေးပေ။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စုန့်ရှီးယွီအား အဆက်မပြတ် နှောင့်ယှက်ခဲ့ပြီးနောက် စန်းရှန်းရန်သည် ဤကိစ္စကို ကောင်းကောင်းသိသွားပြီဟု ခံစားနေရသည်။
စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့ကြားတွင် တရားမဝင်အပေးအယူမျိုး ရှိနေနိုင်သည်။
စန်းရှန်းရန်သည် ကျီဖန်ယင်းအကြောင်းကို အမှန်တကယ် မကြားခဲ့ဖူးပေ။ သူသည် ကျီရှင်းရှင်း၏ သူငယ်ချင်းဆိုသော်လည်း သူမသည် ကျီမိသားစု၏ တစ်ဦးတည်းသောသမီးဟု သူထင်ခဲ့သည်။
ကျီရှင်းရှင်းသည်လည်း သူမတွင် အမြွှာအစ်မရှိကြောင်းကို သူ့အား တစ်ခါမှ မပြောခဲ့ဖူးပေ။
ထို့ကြောင့်၊ သူသည် ဟူပြန့်တက္ကသိုလ်မှ ဂျူနီယာများထံ စုံစမ်းကြည့်ရာ ထိုနေ့က သူတွေ့ခဲ့သော ကျီဖန်ယင်းသည် သူတို့သိထားသည့် 'ကျီဖန်ယင်း' နှင့် အလွန်ကွာခြားနေတာကြောင့် အံ့သြခဲ့ရသည်။
'ကျီဖန်ယင်း' သည် ရှက်ကြောက်တတ်သော အိမ်တွင်းပုန်းဟု သူတို့ပြောခဲ့ကြသော်လည်း စန်းရှန်းရန်သည် ထိုစကားလုံးများကို ရုပ်ရှင်ကြည့်ပွဲတွင်တွေ့ခဲ့သော ကျိဖန်ယင်းနှင့် တွဲ၍ပင်မရပေ။
'ကျီဖန်ယင်း' သည် အလွန်ရုပ်ဆိုးပြီ သူမ၏မျက်နှာကို မပြဝံ့ကြောင်းပြောကြသော်လည်း စန်းရှန်းရန်သည် သူတွေ့ခဲ့သည့် ကျီဖန်ယင်းအကြောင်းကို တွေးရုံဖြင့် စိတ်လှုပ်ရှားစွာ နှလုံးခုန်မြန်လာခဲ့သည်။
'ကျီဖန်ယင်း' သည် စုန့်ရှီးယွီကို ကြိုက်နေသည်ဟု ဆိုကြသော်လည်း စန်းရှန်းရန်သည်တော့ စုန့်ရှီးယွီအပေါ် ထားရှိသော သူမ၏အချစ် နားမလည်နိုင်ပေ။ သူမသည် ခံစားချက်များကို ကောင်းစွာဖုံးကွယ်ထားနိုင်သည်ဟုသာ ကောက်ချက်ချနိုင်တော့သည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Художественная прозаTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)