"ဆက်ပြီးဖုံးကွယ်ထားချင်သေးတာလား။" ကျီရှင်းရှင်း အေးအေးဆေးဆေး မေးသည်၊ "ဒီရက်ပိုင်း ညီမ ဒီကိစ္စကို စဉ်းစားနေတာ။ အစတုန်းကတော့ မမကို သူလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှဘသဘောပေါက်သွားတယ်။ ညီမတောင် သူ့အကြောင်း အိပ်မက်မက်နိုင်ရင် မမလည်း အဲ့လိုအိမ်မက်,မက်နိုင်တာပဲ။ အဲဒါက သူဒီကမ္ဘာကို ရုတ်တရက် ရောက်လာပြီး မမဖြစ်သွားတယ်ဆိုတာထပ် ပိုအဓိပ္ပာယ်ရှိတယ်။"
ကျီရှင်းရှင်းသည် သူမ၏အတွေးကို သေချာနေသကဲ့သို့ ယုံကြည်မှုရှိသော လေသံဖြင့် ပြောနေသည်။
ကျီဖန်ယင်း စိတ်ရှုပ်သွားသည်။
ကျီရှင်းရှင်းအပေါ် ဒီလောက်ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ကျန်ခဲ့ရအောင် သူဘယ်သူ့ကို အိမ်မက်မက်ခဲ့တာလဲ။
ကျီရှင်းရှင်းသည် တိုးတိုးလေး ရယ်လိုက်ပြီး "မမ၊ တိတ်နေတာက အလုပ်မဖြစ်ဘူးနော်။ ညီမ ဘယ်သူ့ကို ပြောနေတာလဲဆိုတာ မမလည်းသိတာပဲ။ ညီမတို့နှစ်ယောက်လုံးထက် ပိုတောက်ပပြီး မမနဲ့ နာမည်တူတဲ့ မိန်းမ။ 'ကျီဖန်ယင်း' "
ကျီဖန်ယင်း: "...???"
"ဒီလတွေအတွင်း မမ အရမ်းပြောင်းလဲသွားတာ အဲ့တာကြောင့်မလား။ ညီမ မမအပေါ် သုံးခဲ့တဲ့ လှည့်ကွက်တွေက အသုံးမဝင်တော့တာ မဆန်းပါဘူး။" ကျီရှင်းရှင်း၏ စကားများသည် ပိုမိုမြန်ဆန်လာသည်။ "ဒီလတွေအတွင်း မမလုပ်ခဲ့သမျှအပုန်လုံး သူ့ဆီကနေ သင်ယူခဲ့တာတွေ မဟုတ်ဘူးလား။ ဒါပေမယ့် မမ၊ ညီမ့ရဲ့လူတွေကို ဒီလောက်နဲ့ အရယူနိုင်မယ်လို့ ထင်နေရင် စိတ်ကူးယဉ်နေတာပဲနော်။"
ထိုအချိန်တွင် ကျီဖန်ယင်းသည် ဖုန်းချလိုက်ပြီး ဖုန်းကို 'Fo Not Disturb' မုဒ်သို့ ပြောင်းလိုက်သည်။
ကျီရှင်းရှင်းက သူမသိချင်တဲ့အရာတွေအားလုံးကို ပြောပြီးပြီးဆိုတော့ အရေးလုပ်ပြီး ဆက်နားထောင်နေစရာ မလိုတော့ပေ။
ကျီဖန်ယင်းသည် ပျင်းရိပျင်းတွဲ ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး အရုပ်အချို့နှင့် ဆော့နေရင်း ကျီရှင်းရှင်း ကြင်နာစွာ ပေးခဲ့သည့် အချက်အလက်အချို့ကို တွေးတောလိုက်သည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)