သူတို့ သုံးယောက် မျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် လေထုသည် မယုံနိုင်စရာလောက်အောင် ထူးဆန်းလာသည်။
စုန့်ရှီးယွီသည် သူ့မျက်နှာကို အလိုလို လွှဲလိုက်မိသည်။
ကျီဖန်ယင်းသည် ဒီအတောအတွင်း ကိစ္စများစွာရှိခဲ့တာကြောင့် ကျီရှင်းရှင်းသည် စုန့်ရှီးယွီ၏ တုံ့ပြန်မှုကို အသေးစိတ်ကြည့်နေမည်ဟု တွေးထင်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ကျီရှင်းရှင်း၏ တုံ့ပြန်မှုသည် ပို၍ပင်ကြီးမားသည်။ သူမ ထိတ်လန့်နေသောမျက်နှာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
ကျီဖန်ယင်းသည် Cocoအပူခွက်ကို ကိုင်ထားရင် စက္ကန့်အတော်ကြာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သော်လည်း နှစ်ယောက်စလုံးသည် လုံးဝ လှုပ်ရှားမလာခဲ့ပေ။ ဒါကြောင့် သူမက "နင်တို့နှစ်ယောက် အပြင်မထွက်ကြတော့ဘူးလား။ ငါအောက်ဆင်းရဦးမှာ။"
ထိုစကားများသည် စုန့်ရှီးယွီကို အသိဝင်သွားစေခဲ့သည်။ သူက ချောင်းဟန်းကာ ဓာတ်လှေကားကနေ ထွက်လာခဲ့သည်။ ထိုအချိန်မှသာ ကျီရှင်းရှင်း၏ ထူးခြားသောအခြေအနေကို သူ သတိပြုမိလိုက်သည်။ "ရှင်းရှင်း?"
"မ-မမ" ကျီရှင်းရှင်းက ကျီဖန်ယင်းကို နူးညံ့သိမ်မွေ့သော အသံဖြင့် နှုတ်ဆက်သည်။ ကျီဖန်ယင်းနှင့် တတ်နိုင်သမျှ ဝေးဝေးနေရင်း ဓာတ်လှေကားမှ ထွက်လာခဲ့သည်။
ကျီဖန်ယင်းက ပေါ့ပေါ့ပါးပါး "အင်း" လို့ပြန်ဖြေသည်။ သူမသည် ဓာတ်လှေကားထဲသို့ ဝင်ကာ B1ခလုတ်ကို နှိပ်ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။ "နှစ်ယောက်သား ကောင်းကောင်းချိန်းတွေ့ခဲ့ကြနော်။"
ဓာတ်လှေကားတံခါးများ ပိတ်သွားသည့်တိုင်အောင် သူတို့နှစ်ဦး၏ မျက်လုံးများသည် ဓာတ်လှေကာတွင် ခိုင်မြဲစွာကျောက်ချနေခဲ့ကြသည်။
ကျီဖန်ယင်းသည် သူမ၏ချိုမြိန်သော Cocoပူပူလေးကို တစ်ငုံသောက်လိုက်ပြီး အတွေးများထဲသို့ ပျံ့လွင့်လာသည်။
ကျီရှင်းရှင်းက ငါးတွေကို အကုန်ရှင်းပစ်နေတာလား။ မဟုတ်ဘူး၊ ဒါမဖြစ်သင့်ဘူးလေ။ သူက နိုင်ငံထဲက ငါးတွေကို ထိန်းသိမ်းဖို့ ပြန်လာခဲ့တာကို။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)