သူနံပါတ်ကို နှိပ်လိုက်ပြီး အနည်းငယ် ထိတ်လန့်နေသည်။ ကျီဖန်ယင်း ဖုန်းပိတ်ထားမှာ၊ ဒါမှမဟုတ် တခြားလူ ဖုန်းလာကိုင်မည်ကို စိုးရိမ်နေသည်။
ဒါပေမယ့် စက္ကန့်အနည်းငယ်ကြာတော့ ကျီဖန်ယင်းရဲ့ အသံက ဖုန်းထဲကနေ ထွက်လာသည် "ဟယ်လို?"
ဘိုင်ကျိုးသည် အလွန်အမင်း စိတ်သက်သာရာရသွားပြီး သူပင်မသိဘဲ သက်ပြင်းချမိသွားသည် "အခုတွေ့လို့ရလား၊ ငါလာခဲ့မယ်။"
ကျီဖန်ယင်းက "ကပ်မှချိန်းတာတွေကို လက်မခံပါဘူး"ဟု တုံ့ပြန်ခဲ့ပါတယ်။
ဘိုင်ကျိုး : "ငါ မင်းကို ပိုပေးမယ်။"
ကျီဖန်ယင်း တိုးတိုးလေး ရယ်လိုက်သည်။ "ဆယ်ဆဆိုရင်တောင်လား။"
ထိုအချိန်တွင်၊ ဘိုင်ကျိုးသည် ခန်းမဝင်ပေါက်သို့ ရောက်ခါနီးပြီဖြစ်သည်။ သူသည် ခြေလှမ်းတွေကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်တယ်။ တံခါးကို ပိတ်ထားလိုက်ပြီးဖြစ်သော်လည်း အတွင်းရေးမှုးချုပ်သည် ထိုနေရာတွင် ရပ်လျက် သူ့ကို စိုက်ကြည့်နေသည်။
ဟုတ်တယ်၊ ဒီမှာ အတွင်းရေးမှုးချုပ်တစ်ယောက်ပဲရှိတာ၊ သူ့အဖေနဲ့အမေရဲ့ အရိပ်တောင်ရှာမတွေ့ဘူး။
အတွင်းရေးမှူးချုပ်၏ အစောပိုင်းစကားများဖြစ်သော 'သခင်လေးရဲ့အမွေကို ထိခိုက်မှာမဟုတ်ပါဘူး' ကိုတွေးပြီး အေးစက်စွာ နှာရှုံ့ရင်း "ရတယ်၊ ငါပေးမယ်။"
ဘိုင်ကျိုးသည် ထိုစကားကိုပြောပြီးနောက် သိပ်အလှမ်းမဝေးသောနေရာမှ စုန့်ရှီးယွီကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။
ကျီဖန်ယင်းသည် ငွေကိုသာ အရမ်းစွဲလမ်းခဲ့သည်ပင်။ ငတုံးစုန့်ရှီးယွီကသာ ကျီဖန်ယင်းက သူ့ကို ကြိုက်နေသေးကြောင်း ယုံနေသည်။
ဘိုင်ကျိုး၏အမြင်အရ၊ ဤသည်မှာ ကျီဖန်ယင်း၏ဘဝတစ်လျှောက်ချခဲ့သည့် အကောင်းဆုံးဆုံးဖြတ်ချက်များထဲမှတစ်ခုဖြစ်နိုင်သည်။
စုန့်ရှီးယွီဆီမှာ ကောင်းတဲ့အချက်လေးတစ်ခုတောင်ရှိလို့လား။
…
ကျီဖန်ယင်းက ဘိုင်ကျိုး၏အိမ်တွင် တွေ့ရန် သဘောတူလိုက်တယ်။ ဖုန်းချပြီးနောက်တွင် စန်းရှန်းရန်ထံမှ နောက်ထပ်မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Ficción GeneralTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)