အခန်း၉၂

1.9K 269 6
                                    

စန်းရှန်းရန်၏ ကံသည်ဆိုးရွားလှသည်။

ကျီဖန်ယင်းကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ချိန်တွင် သူမသည် ဘိုင်ကျိုးနှင့် ဂိမ်းအတူဆော့ပေးနေရတာဖြစ်သည်။

ကျီဖန်ယင်းသည် ဘိုင်ကျိုးနှင့် ဂိမ်းကစားနေရင်း သူမ၏ကြိုတင်မေးခွန်းလွှာသည် သိပ်လုံလောက်ပြည့်စုံမှုမရှိကြောင်း သတိပြုမိခဲ့သည်။ ကျီဖန်ယင်း၏ ဂိမ်းစကေးကို ဘိုင်ကျိုးအား မမေးခဲ့ရပေ။

ဘိုင်ကျိုး၏ အကောင့်တုကို အသုံးပြုပြီး လှပစွာchicken dinnerစားခဲ့ရသော်လည်း ဘိုင်ကျိုးသည် နှုတ်ဆိတ်နေခဲ့သည်။

"မမက ဒီလိုဆော့တာမဟုတ်ဘူး"

ထိုအချိန်တွင်ပင် ကျီဖန်ယင်းသည် အသိတစ်ခုဝင်လာခဲ့သည်။

ငါးကို ဂိမ်းထဲမှာ သူ့စကေးကို ကြွားခိုင်းဖို့က အရေးကြီးတာပေါ့။ မဟုတ်ရင် သူ ဘယ်ကျေနပ်ပါ့မလဲ။

ကျီဖန်ယင်းသည် သူမ အမှားတစ်ခု ပြုလုပ်ထားမိကြောင်း သိလိုက်ရပြီး ပုံမှန်စျေးထက် တစ်ဝက်လျော့ပေးရန် ဆုံးဖြတ်ခဲ့သည်... သေချာပေါက် ဒီတစ်ပွဲကစားချိန်ပဲပေါ့။

ဒီတလော ဘိုင်ကျိုးသည် သူ၏ငယ်ရွယ်မှုများကို ဂိမ်းထဲတွင် ဖြုန်းနေခဲ့သည်။ သူမတို့တွေ့သောအချိန်တိုင်းတွင် သူ့အိမ်မှာ ဟင်းချက်ကာ အတူတူ စားကြရင်း ဂိမ်းဆော့ကြခြင်းပင်ဖြစ်သည်။

ယခင်ကချိန်းဆိုမှုများတွင် ဘိုင်ကျိုးသည်သာ ဂိမ်းကစားနေခဲ့ပြီး ကျီဖန်ယင်းသည် ဟင်းချက်နေခဲ့ရာ သူတို့နှစ်ယောက် အတူတူဂိမ်းကစားကြသည်မှာ ဒါပထမဆုံးအကြိမ်ပါပဲ။

ကျီဖန်ယင်းသည် သူမဖောက်သည်၏ အကာအကွယ်ကို လိုအပ်နေသော ဒုက္ခရောက်နေသည့် မိန်းကလေးအယောင်ဆောင်ထားသည့် e-girlဖြစ်လာသလို ခံစား​နေရသည်။ ဟုတ်ပါတယ်၊ ဟင်းပါချက်ပေးသော e-girl။

ဘယ်လိုပဲဖြစ်စေ ဖောက်သည်ငွေပေးနေသရွေ့ အားလုံးသည် အဆင်ပြေပါသည်။

"ကျိုးကျိုး၊ ငါ့ကို လူတစ်ယောက်က ပစ်နေပြီ!"၊ "မင်းဘယ်မှာလဲ"၊ "ငါဘယ်ရောက်နေတာလဲ!!!" ဟူသော ဂိမ်းပွဲများပြီးသွားသည့်အခါ ကျီဖန်ယင်းဟာ အမှိုက်အိတ်ကိုယူကာ ထွက်သွားတော့မည့်အချိန် ဘိုင်ကျိုးသည် ရုတ်တရက် သူမကို ရပ်တန့်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now