အခန်း၁၈၃

983 135 0
                                    

ဖြစ်နိုင်ရင် ကျီဖန်ယင်းက သူတို့နှစ်ယောက်လုံးကို မရွေးချင်ပေ။

တစ်ယောက်က ရာဇ၀တ်ကောင်ဖြစ်ပြီး ကျီဖန်ယင်းသည် သူပြောမယ့်အရာကို ကြိုခန့်မှန်းနိုင်ပါသည်။ သူက ကျီဖန်ယင်းဘက်က ရပ်တည်ပြီး သူမရဲ့လုပ်ငန်းကို ရပ်ပစ်ဖို့ ခြိမ်းခြောက်ရင်ခြိမ်းခြောက်၊ မဟုတ်လျှင် သူ့ဆိုက်ကိုထဖောက်ပြီး မျက်နှာနှစ်ဖက်နဲ့ လူယုတ်မာဖြစ်မှာပင်။

နောက်တစ်ယောက်ကတော့ ကလေးဆန်သော ဒေါသကြီးပြီး အပြစ်ကင်းစင်တဲ့ ဖောက်သည်တစ်ယောက်ပေ။ သူ့မှာ ဘာမှအရေးကြီးပြောစရာမရှိဘူးဆိုတာ သေချာသည်။

ကျန်းနင်က လူမှုရေးနဲ့ အလုပ်ရှုပ်နေတာကြောင့် နှမျောစရာကောင်းစွာ သူမကို ဒိုင်းကာတစ်ခုအနေ​ဖြင့် အသုံးမချနိုင်ပေ။ သူမသည် အကြောင်းပြချက်တစ်ခုကို စဉ်းစားရန် စက္ကန့်ပိုင်းမျှ အချိန်ယူခဲ့ပြီးနောက် နာရီကိုကြည့်ကာ "အာ၊ ငါ့အိမ်​​မွေးငါးတွေကို အစာကျွေးရတော့မှာပဲယ"

ဘိုင်ကျိုး: "..."

စန်းရှန်းရန်: "..."

ဒါသည် ပြီးပြည့်စုံသော အကြောင်းပြချက်တစ်ခုဖြစ်ပြီး သူမ၏ဂရုမစိုက်နေသော အကြည့်များသည် သူတို့နှင့် စကားပြောရန် စိတ်မဝင်စားကြောင်းကို ရှင်းရှင်းလင်းလင်း ပြသနေသည်။ သူတို့ရဲ့ရန်ပွဲထဲ မပါဝင်ဖို့ သူမစိတ်ထဲ ဆုံးဖြတ်ထားပြီးသားပင်။ သူမသည် အခုချက်ချင်း အိမ်ပြန်ချင်နေပြီး သူတို့နှစ်ယောက်သည် သူမကို မတားနိုင်ပေ။

ကျန်းနင် သူမကို အာရုံစိုက်မနေချိန်တွင် သူမသည် ခန်းမဝင်ပေါက်သို့ တိတ်တဆိတ်လျှောက်သွားခဲ့သည်။

မကြာမီ သူမနောက်မှ ခြေသံများကို ကြားလိုက်ရသည်။

"ဘိုင်ကျိုး၊ ပြန်သွားချေ" ကျီဖန်ယင်းသည် ဘယ်သူလဲဆိုတာကို လှည့်ကြည့်ရန်ပင် မလိုပေ။

"အဲ့ဒါရိုက်တာက မင်းရဲ့ဖောက်သည်တွေထဲကပဲလား။" ဘိုင်ကျိုးက သူမ၏ အရှိန်နဲ့ လိုက်ဖက်ကာ လျှောက်လာရင်း မေးလိုက်သည်။ "မင်းတကယ် ငါတို့ရဲ့နောက်ကွယ်မှာ စတူဒီယိုထောင်ထားတာလား။ မင်းပိုက်ဆံတွေက ဘယ်ကလာတယ်ဆိုတာ မေ့သွားပြီလား"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now