အခန်း၁၁၅

1.8K 233 7
                                    

မက်ဆေ့ချ် ပို့ပြီးနောက် ဓာတ်လှေကားသည် ပထမထပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျီဖန်ယင်းသည် သူမ၏ ဖုန်းကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး မကြာမီတွင် အနက်ရောင်Lincolnကားတစ်စီးသည် သိပ်မဝေးသော တစ်နေရာတွင် ရပ်ထားသည်ကို သတိပြုမိလိုက်သည်။

အမည်းရောင် ပြတင်းပေါက်များကြောင့် အထဲတွင် ဘယ်သူထိုင်နေသည်ကို မပြောနိုင်သော်လည်း ကားသည် တစ်နည်းနည်းဖြင့် လီ​ရှောက်ရှင်း၏ အဆင့်အတန်းနှင့် လိုက်ဖက်​ပါသည်။

အတွင်း​ရေးမှူးက တံခါးဖွင့်​ကာ ကျီဖန်ယင်းကို အထဲသို့ ဖိတ်လိုက်သည်။

လီရှောက်ရှင်းသည် ထိုနေရာတွင် ထိုင်ကာ စာရွက်စာတမ်းကို ကြည့်​နေသည်။ သူ၏ပုံစံသည် စကားလုံးများဖြင့် ဖော်ပြရခက်အောင် လက်ရာမြောက်သော အရုပ်တစ်ရုပ်နှင့် တူညီသည်။

ကားတံခါးဖွင့်သံကြားတော့ လီ​ရှောက်ရှင်းက တစ်ချက်တောင်မကြည့်ဘဲ "တံခါးပိတ်လိုက်" ဟု ဘာသိဘာသာ အမိန့်ပေးခဲ့သည်။

ကျီဖန်ယင်း ဝင်ပြီးနောက်တွင် အတွင်း​ရေးမှူးက ကားတံခါးကို ညင်သာစွာ ပိတ်လိုက်သည်။

ကျီဖန်ယင်းသည် မြေအောက်အဖွဲ့အစည်းတစ်ခုမှ ဘောစ့်သည် စကားပြောရန် တစ်စုံတစ်ဦးကို သူ့ကားထဲသို့ ဖိတ်ခေါ်သည့် ရာဇဝတ်မှုရုပ်ရှင်များမှ ဇာတ်ဝင်ခန်းနှင့် ဆင်တူသည်ဟု ခံစားခဲ့ရသည်။

ကားထဲသို့ရောက်သည်နှင့် သူမသည် နှစ်ယောက်ကြား သူမ၏လက်ကိုင်အိတ်ကို ချကာ ထိုင်ခုံခါးပတ်ကို အေးအေးဆေးဆေး တပ်လိုက်သည်။

ကားစတင်မောင်းနှင်သည့်တိုင်အောင် လီရှောက်ရှင်းသည် စကားတစ်ခွန်းမှ မပြောပေ။ သူ့စာရွက်စာတမ်းများကိုသာ တိတ်တဆိတ် လှန်ကာဖတ်​နေသည်။

လီရှောက်ရှင်းသည် စကားလုံးဝမပြောသောကြောင့် ကျီဖန်ယင်းသည်လည်း စကားစမြည်ပြောရန် စိတ်မ၀င်စားပေ။ သူမသည် ဖုန်းကို ထုတ်ကာ ဂိမ်းကိုဆော့နေလိုက်ပြီး ဖုန်းမှအသံများကို ပိတ်ထားရန် အသိစိတ် လုံလုံလောက်လောက် ရှိခဲ့ပါသည်။

တစ်ဖက်လူက သူမဖုန်းသုံးတာကို စိတ်ထဲမထားဘူးဆိုတာကို ကြည့်ရင် သူ ဒီနေ့ တရားမ၀င်​သောအရာကို မလုပ်လောက်ဟု ယူဆလို့ရပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now